[16]

1.1K 66 6
                                    

(Unicode)

မနက်ခင်းနေရောင်က မျက်နှာပေါ်သို့ ကျရောက်လာမှ ထယ်ယောင်းနိုးလာခဲ့သည်။ မနေ့က သောက်ထားတဲ့အရှိန်ကြောင့် ဖြစ်မည်။ ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်နေတော့သည်။

ဘေးဘီကိုကြည့်မိတော့ သူ မရင်းနှီးနေသည့်အရာတွေ။ သေချာတာတော့ ဒါက သူ့အခန်းမဟုတ်။

ငါ ညက ဘာတွေဖြစ်ခဲ့တာလဲ။

အခုမှ သူ့ကိုယ်သူ သတိထားမိသည်က သူဟာ လူတစ်ယောက်၏ ရင်ခွင်ထဲမှာ ရောက်နေသည်ဆိုတာပင်။ သူက ကျော‌ပေးလျက် အနောက်ကလူက သူ့ကို ခါးကနေဖက်ထားသည်။ ထယ်ယောင်း သူ့ကိုယ်သူ ငုံကြည့်မိတော့လည်း ခန္ဓာကိုယ်ပေါ်မှာ အဝတ်နှင့်တူတာ တစ်ခုမှ မတွေ့။ ရုတ်တရက် လူက ပြာသွားသည်။ ငါ ညက ဘာတွေလုပ်ခဲ့တာလဲ။

အနောက်ကို အသာလေး လှည့်ကြည့်လိုက်သည့် အချိန်မှာတော့။

"ဟင်! ဂျောင်ဂု"

ထယ်ယောင်းတစ်ယောက် အံ့ဩခြင်းပေါင်းများစွာဖြင့် ရုတ်တရက် ပြောလိုက်မိသည်။

အသံက နည်းနည်းကျယ်သွားသည်ထင်သည်။ ဂျောင်ဂုမျက်လုံးတို့ တဖြည်းဖြည်းပွင့်လာသည်။

"ဝှါး....ထယ်တောင် နိုးနေပြီပဲ"

ခဏ။ ဂျောင်ဂုက သူ့နာမည်ကို အဖျားစွတ်ပြီး ခေါ်တယ်။ သူနားကြားမှားတာတော့ မဟုတ်ဘူးမလား။

"အ..အင်း...ဒါ.. ဒါနဲ့ ငါ ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ"

ထယ်ယောင်း တကယ်မမှတ်မိလို့ မေးလိုက်ခြင်းဖြစ်သည်။ ဂျောင်ဂုတော့ သူ့အမေးကြောင့် မျက်နှာက အနည်းငယ် ဆူပုပ်သွားသည်။

"မမှတ်မိဘူးလား... သေချာပြန်ပြီး စဉ်းစားကြည့်ပါဦး"

ဂျောင်ဂုက ထယ်ယောင်းရဲ့ ကော်ဖီရောင် ဆံပင်ပျော့ပျော့လေးတွေကို ထိုးဖွကာ ပြောလိုက်သည်။

"အမ်...ငါမနေ့က Barမှာ သောက်တယ်လေ..ပြီးတော့ မူးသွားတယ်ထင်တယ်"

သူပြောသမျှကို ဂျောင်ဂုက နားထင်ကို လက်ဖြင့်ထောက်ထားရင်း ခေါင်းညိမ့်ကာ ပြုံးပြုံးကြီး ထောက်ခံသည်။

PSYCHOPATH  [Complete]Where stories live. Discover now