[4]

1K 83 5
                                    

[Unicode]

"ရား! မင်းရူးသွားတာတော့ မဟုတ်ဘူးမလား"

အတန်းအပြင်မှာ နှစ်ယောက်သား ဒူးထောက်နေကြရင်းမှ ထယ်ယောင်းဘက်က မေးလာသည်။

"ဘာလို့လဲ??"

"မင်းမှာစာအုပ်ပါတာကို ဘာလို့ သူများကို ပေးလိုက်တာလဲ?"

ထယ်ယောင်းက သူ့ကို ရူးနေတဲ့လူလို ကြည့်ကာ မေးလာသည်။

"ဒူးထောက်ချင်လို့လေ"

သူပြောလိုက်တော့ ခ‌ဏလောက်ကြောင်သွားပြီးမှ ထရယ်တဲ့ ထယ်ယောင်းရယ်ပါ။

"ဟားဟား ဘာကြီး...ဒူးထောက်ချင်လို့! ဟားဟား..မင်း ဂျီယွန်းကိုကြိုက်ရင်လည်း ကြိုက်တယ်ပြောပါ"

ထယ်ယောင်းပြောလိုက်တဲ့ စကားကြောင့် သူ့မှာ ကြောင်အ သွားရသည်။
ထယ်ယောင်းကတော့ သူ့ဟာသူ ပြောပြီး ရယ်နေသည်။

"ဟင့်အင်း..ငါသူ့ကိုမကြိုက်ပါဘူး...မင်းကိုပဲ ကြိုက်တာ"

"ဟင်!!"

ခဏ...ငါ ခုနက ကြားလိုက်တာ...ဘာတဲ့ ငါ့ကို ကြိုက်တာတဲ့...ဟာ မဟုတ်လောက်ပါဘူး။ နားကြားမှားတာ...ဟုတ်တယ် နားကြားမှားတာ။

တစ်ဖက်တွင်တော့ ဂျောင်ဂုတစ်ယောက် သူ့ပါးစပ်က လွှတ်ခနဲထွက်သွားတဲ့ စကားကြောင့် ကြောင်စီစီလေးဖြင့် ဟင်ခနဲ ဖြစ်သွားတဲ့ ထယ်ယောင်းကို ကြည့်ကာ အသည်းယားနေလေရဲ့။

"အဟမ်း...ငါ ငါပြောတာက မင်းနဲ့ ဒီလို ဒူးထောက်ရတာ ကြိုက်တယ်လို့ ပြောတာ"

"ဟမ်...ဘာကို ဒူးထောက်ရတာကြိုက်တာလဲ! ငါကတော့ မကြိုက်ပါဘူး"

ထို့နောက် သူတို့နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြ။ နှစ်ကိုယ်ကြားက လေထုက စိမ်းသက်သက်နှင့် အေးစက်နေသည်။
ခဏကြာတော့ ထယ်ယောင်းဘက်ကပဲ စကားစလာသည်။

"ဒါနဲ့ မင်းက တကယ်ပဲ ရည်းစားမရှိတာပေါ့..ဟုတ်လား"

"ဟုတ်တယ်လေ...ဘာလို့လဲ...မယုံဘူးလား"

"အွန်းလေ..ယုံချင်စရာမှ မကောင်းတာ မင်းက ရည်းစားမရှိဘူးဆိုတာ"

ဂျောင်ဂုကတော့ ထယ်ယောင်းစကားကြောင့် ပြုံးရုံသာပြုံးနေသည်။
ထယ်ယောင်းကပဲ စကားဆက်လိုက်သည်။

PSYCHOPATH  [Complete]Where stories live. Discover now