[10]

1.1K 70 0
                                    

Unicode

"ဂျောင်ဂုရာ! ဘာလို့ ငါ့နားကိုပဲ အမြဲတမ်း လိုက်ကပ်နေရတာလဲ?"

အခုတလော ဂျောင်ဂုက သူ့အနားမှာပဲ ကော်လို လိုက်ကပ်နေသည်။ ထိုအရာတွေကို သူအမုန်းဆုံးပင်။ အမြဲတမ်း တွယ်ကပ်နေတဲ့အရာတွေဟာ အစပိုင်းမှာတော့ ကြည်နူးစရာဆိုပေမယ့် နောက်ပိုင်းကျ ငြီးငွေ့စရာတွေ ဖြစ်သွားတတ်တာ သဘာဝပဲ မဟုတ်ပါလား။

"ဘာလဲ...ထယ်က မကြိုက်ဘူးလား?"

သူတို့နှစ်ယောက်ရှေ့မှာ ထိုင်နိုင်တဲ့ ဂျီမင်းကတော့ ရန်ဖြစ်တော့မယ်ဆိုတာ ကြိုသိနေပြီ။ အခုတလော ထယ်ယောင်းနဲ့ ဂျောင်ဂု ရန်ပဲဖြစ်နေကြသည် ထင်သည်။ ရန်ဖြစ်တိုင်းလည်း ဂျောင်ဂုကပဲ ချော့ရမြဲပင်။

"ဟုတ်တယ် မကြိုက်ဘူးကွာ...ငါ့အနားမှာ တစ်ချိန်လုံး ကပ်ပါးလို လိုက်ကပ်နေတာကို ဘယ်သူက ကြိုက်မှာလဲ...စိတ်အနှောင့်အယှက်ဖြစ်တယ်"

သူ အဲ့လိုပြောလိုက်တော့ ဂျောင်ဂုက ပါးစောင်ကို လျှာနဲ့ ထိုးကာ တစါဖက်ကို လှည့်သွားသည်။ ပြီးမှ သူ့ဘက်ကို ပြန်လှည့်ကာ

"အာ...အဲ့လိုလား...ဟုတ်ပြီလေ..ဒါဆို ငါကရှောင်နေပေးရမှာပေါ့"

ထိုသို့ပြောကာ ထိုင်နေရာမှ ထထွက်သွားတဲ့ ဂျောင်ဂု။ တွဲလာတဲ့ တလျှောက်လုံး ဂျောင်ဂုက သူ့ကို ငါလို့တောင် တစ်ခါမှ မပြောဖူးဘူး။ အခုလို သူ့ကိုယ်သူ ငါလို့သုံးလိုက်တော့ ထယ်ယောင်းစိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားသလို ခံစားရသည်။
ဂျောင်ဂု တကယ်ကြီး စိတ်ဆိုးသွားတာများလား။

"ထယ်ယောင်း!"

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဂျီမင်းက ခေါ်လို့ ဘာလဲဆိုတဲ့ပုံစံဖြင့် မေးငေါ့ပြလိုက်တော့

"မင်း ဂျောင်ဂုကို သဘောကျနေပြီလား"

ဂျီမင်းရဲ့ အဖြေကို သူစဉ်းစားစရာမလို။ ချက်ချင်းပင် ဖြေလိုက်သည်။

"ဟင့်အင်း...သဘောမကျပါဘူး အရင်ကရော အခုရော...နောင်လည်း သဘောကျမှာမဟုတ်ဘူး"

"ဒါဆိုလည်း သူ့ကို လမ်းခွဲလိုက်တော့လေ...တစ်ဖက်က ခံစားချက်တွေ ပိုတိုးမလာခင်"

PSYCHOPATH  [Complete]Where stories live. Discover now