(Unicode)
အချိန်တွေ တဖြည်းဖြည်း ရွေ့လာသည်နှင့်အမျှ ဘိုးဘွားကန်တော့ပွဲရက်သို့လည်း ရောက်ရှိလာခဲ့သည်။
ထယ်ယောင်းနှင့် ဂျောင်ဂုတို့နှစ်ယောက်လည်း ထယ်ယောင်းတို့အိမ်ရှိရာ ဒယ်ဂူသို့ သွားရန် ပြင်နေကြသည်။
ဘိုးဘွားကန်တော့ပွဲက မနက်ဖြန်ညဆိုတော့ ဒီနေ့ မနက် ကိုးနာရီလောက် ဆိုးလ်ကနေ ထွက်မည်။ ဒယ်ဂူကိုတော့ နေ့လည် ၁၂နာရီလောက်တွင် ရောက်လိမ့်မည်။
"ထယ်..ပြင်လို့ ပြီးပြီလား..ပြီးရင် မောင်တို့ သွားကြစို့လေ"
မောင်က သူ့အခန်းက အိပ်ရာပေါ်မှာ ဝင်ထိုင်ရင်း မေးသည်။
မောင်ကို သူ့အခန်းရဲ့ လျို့ဝှက်နံပါတ်ပေးထားသလို မောင့်အခန်းရဲ့ လျို့ဝှက်နံပါတ်ကိုလည်း သူသိသည်။ ဘာလို့ဆို သူတို့နှစ်ယောက် ချစ်သူဖြစ်တဲ့နေ့စွဲက သူတို့နှစ်ယောက်လုံးရဲ့ တိုက်ခန်းလျို့ဝှက်နံပါတ်တွေ ဖြစ်နေတာကြောင့်ပင်။
"ပြီးပါပြီ မောင်ရဲ့.. မောင့်ကိုကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ"
"ယောက္ခမဖြစ်လာမယ့်သူတွေကို တွေ့ရမယ့်ဟာကို..စိတ်မလှုပ်ရှားဘဲနေမလား ထယ်ရဲ့"
မောင်က သူ့ကို ပေါင်ပေါ်ထိုင်ခိုင်းရင်း ခါးကနေ ဖက်ထားသည်။
မောင်က မိုးပြာရောင် အစင်းပါ ရှုပ်အင်္ကျီကို style pantsနှင့်တွဲကာ ဝတ်ဆင်ထားသည်။
ဆံပင်ကိုလည်း နောက်ကိုလှန်ကာ အသေအချာ ဖီးသပ်ထားသည်။ပေါ့ပေါ့ပါးပါး ဟူဒီကို အားကစားဘောင်းဘီမီးခိုးရောင်နှင့်တွဲကာ ဝတ်ဆင်ထားတဲ့ ထယ်ယောင်းက ပကတိ ဖြူစင်တဲ့ ကလေးလေးတစ်ယောက်အလား။
လူကြီးလူကောင်းဆန်ဆန် ဂျောင်ဂုနဲ့ ကလေးဂိုက်ဖမ်းထားသည့် ထယ်ယောင်းတို့အတူ လက်တွဲကာ တိုက်ခန်းအောက်သို့ ဆင်းလာကြတော့ လူတွေက ကွက်ကြည့်ကွက်ကြည့်ဖြင့်။
တချို့ကတော့ ပြုံးစိစိဖြင့်။ တချို့ရဲ့ မျက်လုံးတွေမှာတော့ ရွံ့ရှာနေသည့် အရိပ်အယောင်များတွေ့နေရသည်။ ဒါတွေဟာ သူတို့နှစ်ယောက်စတွဲကတည်းက ကြုံလာရသည့် အရာတွေ။ ဒါကတော့ လိင်တူချစ်သူတိုင်း ကြုံရမယ့်အရာတွေဆိုတာ ကာယကံရှင်နှစ်ယောက်ကိုယ်တိုင်သိပါသည်။
YOU ARE READING
PSYCHOPATH [Complete]