(Unicode)
"hyung!"
နေ့လည်နားချိန်ဖြစ်တာကြောင့် ဆိုင်ကို ခဏပိတ်ကာ နေ့လည်စာထွက်စားရန် ထယ်ယောင်းပြင်နေချိန် Yeonjunက ဆိုင်အပေါက်ဝမှ ခေါ်လိုက်ခြင်းဖြစ်သည်။
"အော.. Yeonjunie! နေလည်း မကောင်းသေးဘဲနဲ့ ဆိုင်ကို ဘာလို့လာနေတာလဲ...အိမ်မှာပဲ နားနားနေနေ နေပါဆို"
"Hyungကလည်း ကျွန်တော် နေကောင်းနေပါပြီ...အခုလာတာက hyungနဲ့အတူ နေ့လည်စာစားချင်လို့"
"သွားကြမယ်လေ...hyungစားကောင်းတဲ့ ဆိုင်တစ်ခု တွေ့ထားတယ်"
ထို့နောက် သူတို့နှစ်ယောက် အသားကင်ဆိုင် တစ်ခုသို့ ထွက်လာကြသည်။ စားချင်တာတွေ မှာပြီးကြတော့ သူတို့နှစ်ယောက်လည်း စကားပြောဖြစ်ကြသည်။
"Soobinနဲ့ အကြောင်းကို မင်းအိမ်ကို ဘယ်တော့ပြောမှာလဲ Yeonjunie"
ထယ်ယောင်း မေးလိုက်တော့ Yeonjunက သက်ပြင်းချသည်။
"ဟူး...ကျွန်တော်လည်း ပြောပြတော့မလို့ပါပဲ...ဒါပေမယ့် Mommyတို့ လက်မခံမှာကို ကြောက်တယ်hyung"
"အန်တီတို့က လက်ခံမှာပါကွ.. Soobinie က ချစ်ဖို့ကောင်းတယ်လေ...တကယ်လို့ လက်မခံလည်း hyungပြောပေးမယ်လေ ဟုတ်ပြီလား"
"ရေး...ကျွန်တော့်ရဲ့ Taehyungie hyungက အကောင်းဆုံးပဲ"
Yeonjunieက တကယ့်ကို ကလေးလေးပင်။ ဒါကြောင့်လည်း သူ့မှာ သူ့ညီလေးကို သိပ်ချစ်နေရတာ။ Soobinieဆိုလည်း ဘယ်လောက်တောင် ချစ်နေလိုက်မလဲ။
"Yeonjunieကို အားကျလိုက်တာ"
"ဟင်! ဘာကိုလဲ hyung"
Yeonjunက စားနေရင်းမှ သူ့အမေးကို နားမလည်သလိုလေး ကြည့်ကာ မေးလာသည်။
"Yeonjunieချစ်ရတဲ့သူနဲ့ ပျော်ရွှင်နေရတာကိုကြည့်ပြီး hyungလည်း အားကျရတယ်လို့ ပြောတာပါ"
သူပြောလိုက်တော့ Yeonjunက စားနေရင်းမှ မျက်လုံးလေးတွေ မှိတ်သည်အထိ ပြုံးသည်။
"hyungကတော့ hyungရဲ့ မာနတွေကြောင့် ချစ်ရတဲ့သူနဲ့ ဝေးခဲ့ရတယ်"
ထယ်ယောင်းက မှန်အပြင်ဘက်က လမ်းမကို စိုစွတ်နေသည့် မျက်လုံးများဖြင့် ငေးကာ ပြောလာတော့ Yeonjunလည်း စိတ်မကောင်း။
YOU ARE READING
PSYCHOPATH [Complete]