အပိုင်း ၁

107 3 2
                                    

ပထမဦးဆုံးကျောင်းတတ်တဲ့နေ့ ဖြစ်တာ

ကြောင့် ကျောင်းသားတွေရော မိဘတွေရော

ကျောင်းရှေ့မှာဆူညံနေကြတယ် တံခါးဖွင့်

တာနဲ့ အခန်းလိုက်ရှာပြီး ထိုင်ခုံနေရာလိုက်ဦး

နေတဲ့ ကျောင်းသားတွေနဲ့တစ်ကျောင်းလုံး

ဆူညံနေတယ် ဒီမြေသစ် တစ်ယောက် လည်း

အခန်းထဲကိုအသည်းအသန်ဝင်ပြီး

အလယ်roleကဒုတိယမြောက်ခုံမှာထိုင်လိုက်

တယ်သူသည် ၉တန်းကျောင်းသားပင် ဖြစ်

နေသည်မို့ ပျာယာသိပ်မခတ်တော့ခြင်းဖြစ်

တယ် ခါတိုင်းဆို သူတစ်ယောက်တည်း ခုံလု

ရင်း ချော်ကျဖူးလို့ ကျောင်းမှာဆို နာမည်ကြီး

ငပွကြီးတစ်ယောက်

"ဟဲ့ ဒီမြေသစ် ငါ့ကိုတောင် မစောင့်ဘူး ခွေးကောင်"

"ဘာလဲ စောင့်စရာလား ကိုယ့်ဘာသာ နောက်ကျမှ လာပြီး ကျောင်းလာမှာကိုတောင်မေ့နေတာလားမသိဘူး ဒီနေ့ကအစနေ့တောင်မှ နောက်ကျမှရောက်လာတယ် "

"ဟဲ့ ငါရောက်နေတာကြာပြီ ‌ကျောင်းကထူးခြားဆန်းပြားတဲ့ သတင်းတွေကို လိုက်ထောက်လှမ်းနေတာဟဲ့ ငါကအလုပ်ကြီးအကိုင်ကြီးလုပ်နေတာ"

ဖြိုးဖြိုးစံပြောနေတဲ့ပုံစံကို ဒီမြေသစ်တစ်ယောက် အမြင်ကပ်ကပ်နဲ့ ‌စာအုပ်နဲ့လှမ်းပေါက်လိုက်တယ်

"အမလေး! သူတောင်းစားရေ လန့်တာ ဘာလို့လာပေါက်တာလဲ"

"အမြင်ကပ်လို့ ဒါနဲ့နေပါအုံး နင်ဘာအ‌ကြောင်းတွေ ကြားလာရလဲ ငါ့ကိုလည်း
Sharingလုပ်‌အုံးလေ"

"ငါ့ကိုပြောဆိုနေပြီး အခုမှ သိချင်နေတယ် မပြောပြနိုင်ဘူး အားအားယားယား"

"နင်ကလည်း ပြောပြပါ နော်နော်နော်"

ဖြိုးဖြိုးစံတစ်‌ယောက် စလာထဲကအဲ့အကြောင်းကိုပြောချင်နေတာ အိုက်တင်တောင် မခံတော့ဘူး

"အေးဒီနှစ်လေ ငါတို့ကျောင်းကို ခရိုင်အုပ်ချုပ်ရေးမှူးရဲ့မြေး ပြောင်းလာတယ်သိလား နာမည်ကိုကြီးနေတာဘဲ"

‌အပိုဆုWhere stories live. Discover now