အပိုင်း ၉

27 1 1
                                    

"ဒီမြေ အဲ့ကောင်က နင့်ကို ပြန်ပြီး ပက်သက်ချင်နေပုံရတယ် နင်ကဘာလို့ လက်ခံလိုက်တာလဲ "

ဖြိုးဖြိုး တစ်ယောက် စိတ်တိုတိုနဲ့ အော်ပြောနေတာ ဒီမြေတစ်ယောက် မျက်လုံးလေးပြူးပြူးနဲ့ ထိုင်ကြည့်နေတယ်

"ငါက သူ့ကိုဘာလို့လက်ခံတာလဲဆိုတော့ ငါသူ့ကို စိတ်ထဲမရှိတော့ဘူး ငါ့အလုပ်ကို
ကိုယ်ရေးကိုယ်တာနဲ့လည်း မပက်သက်ချင်ဘူး"

"နင်ကမပက်သက်ချင်တာမှန်ပါတယ် သူကရော"

"သူလည်း ငါ့ကို စိတ်ထဲတောင် ရှိမှာမဟုတ်ဘူး သူ့ဘဝနဲ့သူပါ "

ဒီမြေ တစ်ယောက် ပေါ့ပေါ့ပါးပါးနဲ့ ‌ပြန်ပြောလိုက်မှ

"အေးပါ နင်အဆင်ပြေရင်ပြီးတာပဲ နင်အဆင်မပြေရင် ငါ့ကို ရင်ဖွင့်နော်  တစ်ယောက်တည်း ကြိတ်မခံစားနေနဲ့"

‌Companyရောက်တော့ ဒီမြေလည်း ရုံးမှာ
သူအလုပ်ဝင်ရမည့် ဌာနကို သွားစုံစမ်းနေတော့တယ် သူ့ကို အလုပ်ခန့်လိုက်ပြီး ဘယ်ဌာန မှန်းတောင် မသိဘူး သူအလုပ်လုပ်ရမှာ

ဟူးးး ဘဝကြီးက

"မောင်လေး ဒီမြေရေ နင် ဘယ်ဌာနကို ကျလဲ"

"မသိပါဘူး အစ်မရယ် ဥက္ကဌက ဘာမှ‌မပြောဘူး အဲ့တာမို့ သူလာမှ သိရမယ်ထင်တယ်"

"ဪအေး ဒီမှာပဲ စောင့်နေနော် ဒီမြေရယ်"

ဒီမြေလည်း ခုံလေးပေါ်မှာ စာရွက်စာတမ်းအချို့ကို ‌ကိုင်ပြီး စောင့်နေလေရဲ့

မကြာပါဘူး ဥက္ကဌရဲ့လူရောက်လာပြီး ဒီမြေ့ကို လာခေါ်တော့တယ်

"ကိုဒီမြေ ဥက္ကဌက အကို့ကို သူ့ရုံးခန်းထဲ လိုက်ခဲ့ပါတဲ့"

"ဟုတ်ကဲ့ဗျ"

ရုံးခန်းထဲရောက်တော့ အလုပ်‌လုပ်ရင်း မျက်မှောင် ကြုတ်နေတဲ့ လူတစ်ယောက်ရှိနေတယ် သူတို့လာသံကြားတော့ မော့ကြည့်လာတယ်

"ရောက်လာပြီလား ထိုင် ဒီမြေသစ်က ကျွန်တော်ရဲ့ အတွင်းရေးမှူးလုပ်ရမှာ"

ရုတ်တရက်တော့ အံ့ဩသွားတော့တယ်

"ဟုတ်ကဲ့ ဥက္ကဌ"

‌အပိုဆုWhere stories live. Discover now