ဒီမြေသစ်တစ်ယောက် ဖြိုးဖြိုးစားနေတာကိုစောင့်ရင်း ဘာရယ်မဟုတ်တွေးမိသွားတာက
သူနဲ့အမှတ်မထင် မတော်တဆဖြစ်ခဲ့တဲ့ ထိုက်ဘုန်းလျှံဆိုတဲ့ကောင်လေးကိုပင် သူနဲ့ပြဿနာဖြစ်တုန်းက အဲ့ကောင်လေးက အသိုင်းဝန်းကြီးတစ်ခုပင်ဆိုရမှာပေါ့ ထိုအသိုင်းဝန်းထဲက လူနဲ့ သူ ပြဿနာဖြစ်ရတာ ဒီမြေသစ် အတွက် နည်းနည်းစိုးရိမ်မိသွားခဲ့တယ် သူ့ကို တစ်ခုခုများ လုပ်ဖြစ်မလားဆိုပြီးတော့ ပေါ့ သာမန်စီးပွားရေးရှင်ဖြစ်တဲ့
သူ့မိဘတွေကိုရော ဒုက္ခပေးနိုင်မလားဆိုပြီးအမှန်တာ့ သူတကယ်ကြောက်စိတ်ဝင်သွားခဲ့တယ် ဒါမဲ့ ချမ်းသာတဲ့မိသားစုကအလိုလိုက်ခံ ကလေးတွေနဲ့မတူဘဲ ထူးခြားနေတဲ့ ထိုကောင်လေးကိုတော့ ချီးကျူးမိတယ်
ဒီမြေ့အတွေးက သူ့အတွေးတွေပင် ထိုကောင်လေး ဘယ်လောက်ဆိုးလဲဆိုတော့ သူ့အဘိုးနဲ့ မိဘတွေသာ အသိဆုံးပင်ဖြစ်လိမ့်မည်
"ဟဲ့ဒီမြေ ဘာတွေတွေးနေတာလဲ "
"ဟမ်မဟုတ်ပါဘူး လာပါသွားမယ်"
ဒီမြေလည်း ဖြိုးဖြိုးကိုနောက်ကျနေပြီမို့ အသည်းအသန် ပွစိပွစိပြောပြီး ဆွဲခေါ်လာတော့တယ်
နောက်နေ့မနက်ရောက်တော့
"ဒီမြေ သားရေ ဒီစာရင်းတွေကို ၈တန်းDခန်းကဆရာမကို သွားပို့ပေးပါအုံး"
"ဟုတ်ကဲ့ဆရာမ"
သူလည်း၈တန်းကဆရာမကို စာရင်းပေးမို့ ၈တန်းအဆောင်ဘက်ကိုထွက်လာတော့တယ်
စာသင်ချိန်ဆိုတော့ ဆရာမကို ဝင်ခွင့်ပြုဖို့ လှမ်းပြောလိုက်တယ်"ဆရာမဝင်ခွင့်ပြာပါဗျ"
"ဪအေးသား ဝင်ခဲ့"
"ဆရာမကို ဆရာမဒေါ်နီနီဆွေက ဒီစာရင်းလာပို့ပေးခဲ့လို့ ဆရာမ"
အခန်းထဲကကျောင်းသားတွေကလည်း အတန်းကြီးဆိုတော့ စပ်စပ်စုစု ဒီမြေကိုဝိုင်းကြည့်နေတယ် ဒီမြေလည်းနည်းနည်တော့ရှက်ကိုးရှက်ကန်းဖြစ်နေတယ်
"ဒီမြေရေ ဒီစာရင်းကို ကျောင်းအုပ်ကြီးရုံးခန်းရှိကိုသွားပို့ပေးလိုက်နော် "
YOU ARE READING
အပိုဆု
Romanceယုံကြည်မှုဆိုတာမရှိတော့အခါ ယုံကြည်ပါဆိုတဲ့ စကားက ဘယ်အဓိပ္ပာယ်ရှိပါ့မလဲ မဆုံချင်တော့ဘူး မောင် မောင်တောင် ထားခဲ့သေးတာပဲ ငါလည်း မလွမ်းချင်ယောင်ဆောင်နေပါ့မယ်