အပိုင်း ၅

28 3 0
                                    

"ထိုက်ဘုန်းလျှံ ငါ့ကိုလွှတ် မင်းနဲ့မဖြစ်နိုင်ဘူးလေ ငါပြောနေတယ်မလား"

လေသံကျယ်ကျယ်နဲ့ဒီမြေပြောလိုက်မိတယ်
သူအစကထင်ထားတဲ့ အေးတယ်ဆိုတဲ့ စကားလုံးကို‌တောင် ပယ်ဖျတ်ချင်လာပြီ ဇွတ်တရွတ်နဲ့ထိုကောင်လေးကို သူဘယ်လိုနားဝင်အောင်ပြောရပါ့ လက်ကိုအတင်းရုန်းတော့ ပိုလို့တောင် ဆိုးလာသေးတယ် လုံးဝမလွှတ်ပေးဘူး

ဒီမြေလည်း ‌သူ့မှာရှိတဲ့အားနဲ့ အတင်းရုန်းပြီး
ပြေးထွက်လာခဲ့တော့တယ်  တော်တော်တောင်ဝေးနေပြီ  သူဖြိုးဖြိုးရှိကိုလည်း ပြန်သွားရမှာမို့ သတိရပြီး ပြန်အလှည့်

ကားတစ်စီးသူ့ဘေးနားမှာရပ်ပြီး လူတစ်ချို့ထွက်လာပြီး သူ့ကိုဆွဲခေါ်သွား‌တော့တယ်

"လွှတ် ကျွန်တော့်ကိုလွှတ်ပေး ကယ်ကြပါအုံး ကျွန်တော့်ကိုလွှတ်ပေး "

ပါးစပ်ကိုပိတ်ထားတော့ နောက်တော့ပလုံးပထွေးနဲ့ဘဲ အသံ‌‌တောင်မကွဲတော့ဘူးကားပေါ်ရောက်တော့

"ထိုက်ဘုန်းလျှံငါ့ကိုလွှတ်ပေးပါနော် ငါတောင်းပန်ပါတယ် ‌နော်"

"ခင်ဗျားကိုကျွန်တော်ပြောပြီးပြီဘဲ ကျွန်တော့်ကို လက်မခံနိုင်ရင် ခိုးပြေးမ‌ယ်လို့"

"ငါတို့ကငယ်သေးတယ်လေ အဲ့တာကြောင့်လက်မခံတာပါ အခုလည်း ငါတို့ဘာလုပ်စားနိုင်မှာမို့လဲ ဟင် ထိုက်ဘုန်းလျှံ မင်းစိတ်ထဲရှိရာ မလုပ်နဲ့လေ မဖြစ်နိုင်ဘူး ငါ့ကိုပြန်လွှတ်ပေးပါနော် "

ပြောရင်းနဲ့ပင် ဒီမြေသစ်တစ်ယောက် မျက်ရည်တွေ တာကျိုးသလိုဘဲ ကျလာတော့တယ်

"ကျစ်!!မငိုပါနဲ့ ခင်ဗျားငိုတာကို မကြည့်ရက်ဘူး

"အဲ့တာဆို လွှတ်ပေးပါနော် ထိုက်ဘုန်းလျှံ"

"အဲ့တာဆို ကျွန်တော့်ကို လက်ခံပေးမလား "

"အင်းလက်ခံပေးမယ်"

"တကယ်လား"

"အင်း"

ဒီမြေသစ်ထိုကောင်လေးရဲ့ အချစ်ကိုမြင်ပင်မဲ့ ထိုသို့သောလုပ်ရပ်မျိုးကို တော်တော်ကြောက်မိတယ်

‌အပိုဆုWhere stories live. Discover now