ကျူရှင်ရောက်တော့ စကားတစ်ပြောပြောနဲ့နှစ်ယောက်သား ဝင်သွားရင်း
"ဟဲ့ ဟိုမှာ ထိုက်ဘုန်းလျှံ မလား"
ဖြိုးဖြိုးပြောလို့လှည့်ကြည့်မိလိုက်တော့ သူကဘယ်လိုဖြစ်ပြီးတော့ ဒီမှာရောက်နေတာလဲ
"အေးနော် သူလည်းဒီမှာတတ်တာလား ပိုက်ဆံရှိသားသမီးဘဲ Guideခေါ်မသင်ဘူးလားမသိဘူး"
"ဟယ် နင်ပြောပုံကပိုက်ဆံရှိတိုင်း Guideခေါ်တင်တာကျနေတာဘဲ"
"မဟုတ်ဘူးလား ငါပြောတာကလေ"
"နင်ကလည်းမဟုတ်ဘူး"
နှစ်ယောက်သားငြင်းခုံပြီး
"ဟဲ့ ငါစုံစမ်းကြည့်လိုက်မယ် သိရင်ပြန်ပြောမယ် နင်လည်းသိချင်နေတာဘဲမလား"
"ငါကဘာလို့သိချင်ရမှာလဲ ရှုပ်ရှုပ်ရှပ်ရှပ် လာအတန်းထဲသွားတော့မယ်"
"အမလေးဟဲ့ လာပြီသွားမယ်"
သူတို့လည်း ကျူရှင်မှာကျောင်းကပေးတဲ့စာလေးတွေပြန်လေ့ကျင့်ပြီး နည်းနည်းပါးပါး
ကြိုသင်စရာရှိတာပြီးတော့ အတန်းကုန်သွားတော့တယ်"ဒီမြေရေ စာတွေကခက်တယ်နော် ငါငိုတောင်ငိုချင်တယ် ဘာတွေမှန်းကိုမသိဘူး"
"အေးလို့စာတွေကဒီလိုပါဘဲဟာ သေချာလေ့ကျင့်ကြည့်ပေါ့ "
"လေ့ကျင့်တယ်ဆိုလို့ ငါဒီနေ့ ဦးနှောက်တွေ
အရမ်းကို မလန်းဆန်းတော့ဘူးလေ အဲ့တာကြောင့် ငါတို့လေဈေးထိပ်က အသုပ်ဆိုင်မှာ
တို့ဟူးသုပ် သွားစားမလား ငါဝယ်ကျွေးမယ်
အဲ့မှာဟင်းချိုပူပူလောင်လောင်လေးနဲ့ အရမ်းမိုက်မှာ ရှယ်ဘဲ သိလား""အေးလေနှစ်ခါပြောစရာလိုလို့လား သွားစားကြတာပေါ့ သွားမယ် ကြာသလားဘဲ ဟဲဟဲ
ငါလည်း သွားစားချင်နေတာ "ဒီမြေလည်း ဖြိုးဖြိုးနဲ့ ရယ်ရယ်မောမော ထွက်လိုက်ပြီး ဈေးထိပ်ကို စက်ဘီးတွန်းပြီးတော့ဘဲ စကားပြောရင်း သွားကြတော့တယ်
"ဟဲ့ ဒီမြေသိလား နင့်ကိုလေ ငါတို့လမ်းထဲက အကိုတစ်ယောက်က နင့်ကိုကြွေနေတာလေ ငါ့ရှိက နင့်acc တောင်းတယ်သိလား
ငါလည်း မပေးနိုင်ဘူး ကိုယ့်ဘာသာ သွားမေးကြည့်လို့တော့ ပြောလိုက်တယ် အဲ့တာကို
သူက ဘာပြောတယ်ထင်လဲ မမေးရဲလို့ပေါ့တဲ့ အောင်သွယ်တော်ခ ပေးမယ်တဲ့ မသိရင်
ငါက အောင်သွယ်တော် ပွဲစားမကြီးကျနေတာဘဲ"
YOU ARE READING
အပိုဆု
Romanceယုံကြည်မှုဆိုတာမရှိတော့အခါ ယုံကြည်ပါဆိုတဲ့ စကားက ဘယ်အဓိပ္ပာယ်ရှိပါ့မလဲ မဆုံချင်တော့ဘူး မောင် မောင်တောင် ထားခဲ့သေးတာပဲ ငါလည်း မလွမ်းချင်ယောင်ဆောင်နေပါ့မယ်