ဒီမနက် ကျောင်းတတ်တဲ့အခါမှ ဒီမြေသစ်တစ်ယောက် ကိုယ့်စိတ်ကူးလေးနဲ့ သီချင်းလေးညီးပြီး
"ဟိတ် "
"အာလန့်တာဖြိုးဖြိုးမရယ် နင်ကလည်း ငါ့ကိုမလန့်ပါနဲ့ ငါနှလုံးရပ်ပြီးသေသွားရင် နင့်ကိုသရဲဘဝနဲ့ ပါးလာချမှာနော်"
"အမလေး ပိုလိုက်တာ သူ့ကိုစ စရင် စိတ်ဆိုးရတာနဲ့ ဟဲ့ ငါတို့ခန်းမှာလေ အတန်းခေါင်းဆောင်ရွေးမယ်တဲ့ ဒီနေ့ boyရော girlရော"
"အေးအရွေးခံရတဲ့သူကတော့ အလုပ်ကိုရှုပ်နေမှာသားရေ ဟိုဟာလေးလုပ်ပါအုံး သမီးရေ ဟိုသွားအုံးနဲ့နော် သူတို့တော်တော်ပင်ပန်းမှာ"
သူတို့နှစ်ယောက်စကားတစ်ပြောပြောနဲ့ လမ်းလျှောက်လာတုန်း ဘောလုံးက ဒီမြေသစ်နှာဘူးကို လာမှန်ပြီး ဒီမြေသစ် ပစ်ပါလှဲသွားတယ်
"အာ့ ဘယ်ခွေးကောင်ကငါ့ကိုပစ်တာလဲ "
ဒီမြေသစ်လည်းဒေါသလည်း ထွက်ရှက်လည်းရှက်ပြီး ရှက်ရမ်းရမ်းနေကြတယ်
"ငါ့သူငယ်ချင်းကို ဘယ်သူမှန်အောင်လုပ်လိုက်တာလဲ"
ဒီမြေသစ်ကိုထူပြီးပြောနေတုန်း
"ကျွန်တော် မတော်တဆ မှားပြီး ကန်လိုက်မိတာပါ sorry"
"ဪ မင်းကို ဘာလဲ ဟိုတစ်နေ့က မင်းကိုတိုက်မိတာ မကျေနပ်လို့ ပြန်လက်စားချေတာလား ဟက် မထင်ရဘူး အဲ့လောက်ထိအငြိုးထားပြီး လက်စားပြန်ချေတတ်တဲ့သူမျိုးဆိုတာ"
"ကျွန်တော်မတော်တဆ ဖြစ်တာလို့ ခင်ဗျားကိုပြောပြီးပြီလေ အငြိုးလည်းထားစရာကိုမရှိတာ အာရုံတောင် မလာဘူး"
"အေးဒီမှာ နှာဘူးကိုကြည့်လိုက် ဘုသီးအကြီးကြီး ထသွားပြီ မင်းကိုကျောင်းအုပ်ကြီးနဲ့ တိုင်ပြောမယ်"
မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ ဒီမြေသစ် အော်ပြောနေတယ်
"ဒီမြေသစ်ရေ လူတွေကြည့်နေကြတယ်လာ
ငါကြပ်ထုပ်ထိုးပေးမယ် ဒီမှာထိုက်ဘုန်းလျှံ
နင်လည်းမတော်တဆဘဲဖြစ်ဖြစ် တမင်ဘဲဖြစ်ဖြစ် ကန်ကန် ကျောင်းမှာအဲ့လောက်ထိမဆော့သင့်ဘူး"
YOU ARE READING
အပိုဆု
Romanceယုံကြည်မှုဆိုတာမရှိတော့အခါ ယုံကြည်ပါဆိုတဲ့ စကားက ဘယ်အဓိပ္ပာယ်ရှိပါ့မလဲ မဆုံချင်တော့ဘူး မောင် မောင်တောင် ထားခဲ့သေးတာပဲ ငါလည်း မလွမ်းချင်ယောင်ဆောင်နေပါ့မယ်