အပိုင်း ၁၀

43 2 2
                                    

ဒီနေ့ အိပ်ရာထနောက်ကျလို့ ဒီမြေတစ်ယောက် ရုံးကို သေမလိုပြေးရတော့တယ်
အိပ်ရေးမက်တဲ့ လူတစ်ယောက်မို့လို့ ဒီလိုဖြစ်တာက အရင်ရုံးမှာက မဆန်းပင်မဲ့ ဒီမှာက
အင်မတန်  ဆန်းနေတာ ဘာလို့လဲဆိုတော့ သူ့ကို ဆူဖို့ စောင့်နေတဲ့ ကြည့်မရတဲ့ လူရှိနေလို့

ဒီမြေတစ်ယောက်  ကားကြပ်တာကတစ်မျိုး   မှတ်တိုင်ကျော်သွားတာက တစ်ဖုံ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေတော့တယ် ရုံးရောက်တော့  ထိုက်ဘုန်းလျှံရဲ့ ရုံးခန်းထဲကိုကြည့်တော့ သူ့ကိုမတွေ့မှပဲ ဟူးကနဲ သက်ပြင်း ကောင်းကောင်း ချနိုင်တော့တယ်

"ဘာတွေချောင်းနေတာလဲ"

"အမလေး‌ဗျ"

အနောက်မှာလူလာနေတာတောင်သတိမထားမိသွားတာ ဟိုက် တည့်တည့်တိုးတော့တာပဲ

"အချိန်ကိုမလေးစားဘူး ပေါ့တိပေါ့ပြက်နဲ့"

"တောင်းပန်ပါတယ်ဗျ ၅မိနစ်လေးပဲနောက်ကျသွားတာပါ"

"၅မိနစ်လည်း အချိန်ပဲ ထားတော့ဒီနေ့schedule ပြကြည့်"

"ဪဟုတ်ကဲ့ "

Schedule လေးသေချာကြည့်ပြီးမှ

"R P S Company ကလူတွေကို ခေါ်ထားတာဖို့ ရောက်ရင် ရုံးခန်းထဲကိုခေါ်ခဲ့ပေးပါ ဒီမြေသစ်"

ဒီမြေကို ပြောပြီး ချာကနဲ လှည့်ထွက်သွားတော့ သူကို ကြည့်ပြီး ဒီမြေတစ်ယောက် ခေါင်းခါမိသွားတော့တယ် ဪ ငါဝဋ်ကြွေး
ကြီးလိုက်တာ Ex Company မှာ အကြောတင်းပြီး မျက်နှာပြောင်တိုက်တဲ့သူက ငါတစ်ယောက်ပဲ ရှိတာထင်ပါရဲ့

မကြာပါပြီ receptionist ကဖုန်းဆက်လာတယ် ဧည့်သည်တွေ လာပြီဆိုတော့ ကိုယ်လည်း ထွက်ကြိုရမှာပေါ့ နေပါအုံး ဟိုတစ်နေ့က တစ်ယောက်ပဲနေမှာ ထင်တဲ့အတိုင်းပဲ အထက်စီးဆန်စွာနဲ့ မျက်နှာမော့ချီပြီး လာတဲ့ လူလတ်ပိုင်းမိန်းကလေး R P Sကလူ   ဒီမြေကိုလည်းမြင်တော့

"အတွင်းရေးမှူး ငါဥက္ကဌ ရုံးခန်းကို သွားချင်တယ် အဲ့တာ ခေါ်သွားပေး"

ပြောတဲ့ပုံစံကြီးက ဒေါက်မကျိုးလို့ ဒီမြေ
ဒေါသထွက်ပင်မဲ့ သူကဝန်ထမ်းတစ်ဦးမို့
ပြန်ပြောဖို့ရာ မဖြစ်နိုင်ဘူး‌လေ

‌အပိုဆုWhere stories live. Discover now