စာမေးပွဲရက်တွေမှာ မောင်နဲ့ အဆက်အသွယ်
ပြတ်ခဲ့တယ် မောင်က အရင်ဖြေရတယ်ဆိုပင်
မဲ့ သူဖြေတော့ ပေါ်မလာခဲ့တော့ပေ ဒီမြေတစ်
ယောက် နေ့တိုင်းမျှော်နေရင်း စာမေးပွဲ ရက်
တွေ သာ တစ်ရက်ပြီး တစ်ရက်နဲ့ပြီးသွားတာ
သူရဲ့မြတ်နိုးရသူလေးက မလာတာဆိုရင်
အခုဆို နောက်ဆုံးနေ့ကို တောင်ရောက်လာခဲ့
ပြီ မောင်က သူ့အိမ်အကြောင်း ဘာမှ မပြော
ပြသလို သူ့accကလည်း မသုံးတော့ဘူးတူပါ
ရဲ့မီးစိမ်းလေးတောင် မမြင်ရတော့ဘူး
"ဒီမြေ ထိုက်ဘုန်းလျှံမလာဘူးလား"
"ဟင် ငါ ငါမသိဘူး လာမယ်ထင်တယ် ငါစောင့်နေတာလေ "
အုတ်ခုံပေါ်မှာ ထိုင်ပြီး ပေါ်မလာတဲ့သူကို
စောင့်နေရင်း စောင့်နေသောသူက ပေါ်မလာ
မောင်ရယ် စောင့်ရတာကြီးကို မုန်းလိုက်တာ
"ကိုဒီမြေသစ်"
သူငေးနေတုန်း စိုင်းလင်းနောင် မောင့်
သူငယ်ချင်း အလောတကြီး ရောက်လာခဲ့
တယ် သူ့ပုံစံက အားမလိုအားမရနဲ့ တစ်ခုခု
ကို နားလည်ရခက်တဲ့ ပုံစံနဲ့ရောက်လာခဲ့တယ်
"ဟင် မောင်ရော စိုင်းလင်းနောင် မပါလာဘူးလား ငါကစောင့်နေတာ ၂နာရီတောင်ရှိနေပြီ"
"ဟိုလေ ထိုက်ဘုန်းလျှံက Canada ကို ကျောင်းသွားတတ်ပြီ ဒီနေ့မှ သွားတာ ကျွန်တော့်ကိုလည်း အခုမှ ဖုန်းလှမ်းဆက်တာသူ
သွားပြီဆိုတဲ့ အကြောင်း "ဒီမြေ ကြားကြားချင်း မယုံကြည်နိုင်လောက်အောင် စွံအသွားတယ်
"ငါ့ကို မစနဲ့နော် ပေါင်းပြီးစနေကြတာလား
ဒါစနောက်စရာ ကိစ္စမဟုတ်ဘူးနော်""ကျွန်တော်လည်း အစကမယုံဘူး စနေတာပဲထင်တာ နောက်တော့ တကယ်သွားတာတဲ့
သူ့အိမ်ကို လှမ်းမေးတော့"
YOU ARE READING
အပိုဆု
Romanceယုံကြည်မှုဆိုတာမရှိတော့အခါ ယုံကြည်ပါဆိုတဲ့ စကားက ဘယ်အဓိပ္ပာယ်ရှိပါ့မလဲ မဆုံချင်တော့ဘူး မောင် မောင်တောင် ထားခဲ့သေးတာပဲ ငါလည်း မလွမ်းချင်ယောင်ဆောင်နေပါ့မယ်