1

594 13 0
                                    

Jaejudo ....

ထယ်ယောင်း ခြေဦးတည့်ရာမရွေးဘဲ
ထွက်လာမိတာ ဒီနေရာဂျယ်ဂျူဒိုကို ။

အဲဒီ့ကောင်လေးနဲ့သူ့ရဲ့ အမှတ်တရတွေမရှိနိုင်တဲ့
တစ်ခုတည်းသောနေရာ ဖြစ်နိုင်သည်
ဒီနိုင်ငံအနှံ့ ဒီကမ္ဘာအကုန် သူနဲ့မသွားခဲ့ဖူးတဲ့နေရာ
မရှိသလောက်မို့....... ။

ပင်လယ်ထက် တောင်ကိုပိုကြိုက်တဲ့ကောင်လေးက
ဂျယ်ဂျူဒိုကို လုံးဝမကြိုက်ဘူးတဲ့လေ ။

ကင်မ်ထယ်ယောင်းကရော ဒီကိုဘာလို့လာခဲ့မိတာလဲ
သူလည်း မပါဘဲနဲ့လေ!

သူမရှိတော့လို့ ရောက်လာခဲ့ရတာ .....
ခဏလောက်တော့ အတိတ်တွေကရုန်းထွက်နိုင်မှ
မဟုတ်လည်း သူ အရမ်းပင်ပန်းနေပြီ ။

တစ်ဦးတည်းသော သူငယ်ချင်းက
ဖုန်းခေါ်ဆိုထားတဲ့ message တွေဆက်တိုက်
ဝင်နေတဲ့ဖုန်းကို ထယ်ယောင်း ကားထဲမှာပဲ
ထားခဲ့လိုက်ပြီး ပင်လယ်နဲ့အနီးဆုံးနေရာကို
လျှောက်လာလိုက်သည် ။

သူ့​ဖိနပ်တွေကို ပင်လယ်ရေတွေလာထိတဲ့
နေရာမှာရပ်နေလိုက်ပြီး အဆုံးမရှိတဲ့ပင်လယ်ကို
ကြည့်နေမိသည် ။ အကုန်လုံးက လှပနေလည်း
အခု သူ့စိတ်ခံစားချက်ကြောင့် ဒီပင်လယ်လည်း
ရုပ်ဆိုးနေတယ်.... လှိုင်းသံတွေက နားထဲမှာ
ဆူညံနေပြီး ရေတွေထိတွေ့လာတဲ့ ခံစားချက်က
အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ် ....

ပိုပြီးစိတ်ရှုပ်ရပြီး အာရုံစိုက်မိနေတဲ့ ပတ်ဝန်းကျင်
တစ်ခုက သူ့မျက်စိရှေ့နားလေးမှာ....

ရေထဲမှာ ပျော်ပျော်ရွှင်ရွှင်ကူးခတ်နေတဲ့
ကလေးတစ်ယောက်က သူ့အကြည့်တွေထဲ
ဝင်လာသည် ။

အလုပ်လုပ်နေတာများလား.... ရေထဲငုပ်ပြီး
လက်ထဲပါလာတဲ့အရာတွေကို ရေပေါ်မြောနေတဲ့
ပိုက်ခြင်းတွေထဲထည့်နေတာ...
ဒီလိုမျိုး သုံးလေးခေါက်လုပ်နေပြီး
ဒီတစ်ခါတော့ အချိန်အတော်ကြာသွားပြီး
ရေပေါ် ပြန်မတက်လာတဲ့နေရာကို ထယ်ယောင်း
ကြည့်နေရင်းက မျက်နှာလွှဲလိုက်သည် ။

ဂျယ်ဂျူဒိုကို သူ့စိတ်ထဲကနေ ဆဲဆိုရင်း
ရေထဲဆင်းသွားပြီး ထိုနေရာဆီကူးခတ်သွားလိုက်
သည် ။ အောက်အထိ ငုံ့သွားတဲ့အခါ
ကျောက်ဆောင်တွေနားမှာ ခြေထောက်ကိုငြိနေတဲ့
ပိုက်ကွန်အမှိုက်တစ်ခုကို ဖယ်ထုတ်နေတဲ့
အဲ့ကလေးကို တွေ့လိုက်သည် ။

Jeon's eyes tell Where stories live. Discover now