5

75 5 1
                                    

Seoul ,

THE V လုပ်ငန်းစုရဲ့ ဌာနချုပ်ကုမ္ပဏီမှာ
ရှယ်ယာရှင်အစည်းအဝေးခေါ်ပြီး
ဥက္ကဌကြီး Mrs. Kim နဲ့ ဒါရိုက်တာအဖွဲ့ဝင်များ
အုပ်ချုပ်ရေးပိုင်းအရာရှိတွေနဲ့ ရှယ်ယာရှင်တွေ
အားလုံးရှိနေကြသည် ။

" အားလုံးပဲ.... ကျွန်မက အရေးပေါ်အစည်းအဝေး
ခေါ်လိုက်ရတာ ဘာကြောင့်လဲဆိုတာ သိမှာပါ "

" ဥက္ကဌကြီး.... ဒါဆို ကောလဟာလတွေက
တကယ်လို့ပြောချင်တာလား.... ကုမ္ပဏီက
ဘယ်အခြေအနေအထိ ရောက်နေပြီလဲ "

" ကျွန်မအရှေ့မှာ ကောလဟာလဆိုတဲ့စကားကို
မသုံးပါနဲ့.... အားလုံးက အခြေအမြစ်မရှိတဲ့
စကားတွေပါ THE V ဆိုတာ ဒီနိုင်ငံရဲ့ အမြင့်ဆုံး
စီးပွားရေးအခြေအနေတွေမှာရှိနေပါတယ်
ပုံမှန်လည်ပတ်နေတဲ့စနစ်တစ်ခုရဲ့နေရာကို
အစစ်အဆေးဝင်မယ်ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါ..... "

" အဲ့တာဆို ရှယ်ယာစျေးတွေဆက်တိုက်ကျနေတာကို
ဘယ်လိုလုပ်မှာလဲ ..... ဒီပုံစံနဲ့ဆို စျေးအနိမ့်ဆုံးနဲ့
ရောင်းထွက်ရင်တောင် ဝယ်မယ့်သူရှိမှာမဟုတ်ပါဘူး"

" အဲ့တာကြောင့် အကုန်လုံးကိုဖြေရှင်းဖို့
အခုလိုခေါ်လိုက်ရတာမဟုတ်လား!
ကျွန်မတစ်ယောက်တည်း ခေါင်းခံရမယ့်ကိစ္စလား "

ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ Mrs.Kim တို့ဟာ
တစ်ယောက်တစ်ခွန်းတင်းမာနေကြတဲ့
အခြေအနေဟာ ပိုပြီးကြာရှည်လာသည် ။

" ကျွန်တော်ကတော့ အစစ်အဆေးဝင်နိုင်တယ်ဆိုတဲ့
သတင်းစကားတွေကို ဖြစ်နိုင်ချေရှိတယ်လို့
ထင်ပါတယ် ကောလဟာလတွေမဟုတ်တော့ဘဲ
မီဒီယာတွေဘက်မှာပါ ဆူညံနေတာပါ ”

Mrs.Kim ရဲ့ဒေါသကိုထပ်ပြီးလောင်မြိုက်စေတဲ့
စကားကို ဒုဥက္ကဌဖြစ်တဲ့ Mr. Choi က
ဝင်ပြောလိုက်တာဖြစ်သည် ။

" အဲ့တာ ဘာအဓိပ္ပါယ်လဲ.... ဒုဥက္ကဌ Choi! "

" ပုံမှန်လည်ပတ်နေတယ်ဆိုတာ ဒီအထဲမှာတော့
ဖြစ်မလားမသိပေမယ့် လက်အောက်ခံကုမ္ပဏီတွေက
အခုအားလုံး အစစ်အဆေးခံရမယ့်စာရင်းမှာ
ပါလာနိုင်ပါတယ် .... အဲဒီ့အဓိပ္ပါယ်က အထက်မှာ
မသိသာပေမယ့် အောက်ခြေမှာ တုန်လှုပ်နေတယ်
ဆိုတာကို သဘောပေါက်ရမှာပါ .....
ဟုတ်သားပဲ.... ဒီနှစ်တွေအတွင်းမှာ ဥက္ကဌကြီးက
အိမ်တွင်းရေးကိစ္စတွေ ရှုပ်ထွေးနေခဲ့တာဆိုတော့
ကုမ္ပဏီရဲ့အခြေအနေတွေကို သေချာ
မသိလောက်ဘူးထင်တယ် ”

Jeon's eyes tell Where stories live. Discover now