" ဥက္ကဌကြီး... သခင်လေးပြန်ရောက်ပါပြီ "
အိမ်ခန်းထဲကဝရံတာနားမှာ ထိုင်နေပြီး
အပြင်ဘက်ကိုကြည့်နေခဲ့တဲ့ ကင်မ်အမျိုးသမီးရဲ့
တည်ငြိမ်တဲ့မျက်လုံးတွေဟာ လှုပ်ရှားသွားခဲ့တယ်ပြီးတော့ အခန်းထဲဝင်လာတဲ့သူတစ်ယောက်ဟာ
သူမအနားမှာ ထိုင်ပြီးလက်တွေကိုဆုပ်ကိုင်လာတယ်" အမေ... ကျွန်တော် လာပါတယ် "
ထယ်ယောင်းရဲ့မျက်လုံးတွေဟာ အရင်ကထက်
ပိုတည်ငြိမ်သွားခဲ့သလိုပဲ ပိုအေးချမ်းနေတဲ့ပုံပေါ်တယ်
ပြီးတော့ အမေဖြစ်သူကို သတိရလွမ်းဆွတ်စွာ
ငေးကြည့်နေခဲ့တာ ။" ပြန်လာပြီပဲ... "
" အမေပင်ပန်းနေမှာကို တစ်ယောက်တည်း
ထားခဲ့ရလို့ တောင်းပန်ပါတယ်
အဲဒါကြောင့် ခဏလေးပဲသွားပြီးပြန်လာခဲ့တာ "" ပြန်လာတာမဟုတ်လည်းရပါတယ်... "
တကယ်ကိုပဲ အမေဟာ သူ့မျက်လုံးတွေကို
လိမ်မရသလိုမျိုးပြောနေခဲ့တယ် ။" Jimin က ဂျယ်ဂျူမှာရှိနေခဲ့တာသိတယ်မလား
သူ့အတွက် အရေးကြီးတဲ့လူကိုရှာဖို့သွားခဲ့တာ
ကျွန်တော်လည်း အတူတူပဲ...
အဲဒီ့ကလေး... JK! သူ ဒီကမ္ဘာကြီးက
တစ်နေရာရာမှာရှိနေတယ်
ကျွန်တော် သူ့ဆီသွားရမယ်... အမေ! "" သူ့ကိုရှာတွေ့ခဲ့လား... "
" အခုထိတော့! အဲဒါကြောင့် ဘယ်လောက်
ကြာမယ်မှန်းမသိလို့ အမေ့ဆီအရင်လာခဲ့တာ
အတူသွားရအောင်ပါ... အမေ
ခေါ်ဆောင်သွားပေးဖို့လာခဲ့တာပါ
သူ့ကိုရှာတွေ့ရင် အဲဒီ့အခါ... ကျွန်တော်
သဘောကျတဲ့သူနှစ်ယောက်နဲ့အတူနေသွားဖို့က
ဆန္ဒပါ တစ်ခုခုကြီးကျယ်တဲ့ဘဝတွေတော့
မဟုတ်တော့ပေမယ့် ဒီနည်းလမ်းနဲ့ပဲ
ကျွန်တော် ပျော်ရွှင်ချင်တယ်
အမေလည်း အဲ့လိုဖြစ်ရင်ကောင်းမယ်... "လက်တွေကိုပိုပြီးနွေးနွေးထွေးထွေးဆုပ်ကိုင်ရင်း
အမေ့ရဲ့အဖြေကို စောင့်နေမိတယ် ။" ဘာမှမရှိတော့တဲ့နင့်ကို ပြန်တွေ့လည်း
သူကလက်ခံမှာလား ... "ထယ်ယောင်း သဘောကျစွာပြုံးလိုက်မိတယ်
" ဟုတ်ပါရဲ့ ... ဒီလူတွေနဲ့အတူနေဖို့ဆိုပြီး
ကျွန်းတစ်ကျွန်းလောက်ဝယ်ဖို့ စဥ်းစားနေတုန်းပါ
ချွေတာရတော့မှာပဲ... အခု! "
YOU ARE READING
Jeon's eyes tell
RomanceJungkook x Jimin x Taehyung x JK /Jikook & Taekook / " ငါကတော့ ရယူရလိမ့်မယ် .... မင်းကတော့ စွန့်လွှတ်ပေးမှာပေါ့..... သူကရော ဘာကိုရွေးချယ်တာဖြစ်မလဲ! " " မပြောတတ်ဘူး..... သူ့မျက်လုံးတွေကြည့်ရင် မသိနိုင်လောက်ဘူးလား " #50 vminkook ( 19.5.22 ___ 23.3...