THE V school festival ,
နာမည်ကြီးသီချင်းသံတွေရယ် ကျောင်းသားတွေရဲ့
performance တွေနဲ့ပြည့်လာတဲ့အခါ
ပွဲတော်က အတော်စည်ကားလာနေခဲ့သည် ။ထယ်ယောင်းက ဂျီမင်ရောက်လာတဲ့အခါ
မီဒီယာတွေအရှေ့မှာ ခဏဓာတ်ပုံအရိုက်ခံပြီး
Stage ရဲ့ ရှေ့ဆုံးက V.I.P ခုံနေရာမှာ နေရာယူပြီး
အားပေးခဲ့သည် ။လက်ခုပ်တီးအားပေးမှုတွေပြီးသွားတော့
ဂျီမင် ရေယူသောက်ရင်း ဘေးနားမှာထိုင်နေတဲ့
ထယ်ယောင်းကို တစ်ချက်ကြည့်လိုက်သည် ။" Jang Hyun ဆိုတဲ့တစ်ယောက်ကို
မနေ့ကတည်းက ဒီအတိုင်းကြည့်နေတာလား ”ထယ်ယောင်း ဂျီမင်စကားကို ဘေးဘီပြန်ကြည့်ရင်း..
" ဒီမှာပြောမလို့လား ”
" ငါကတော့ ကိစ္စမရှိဘူး ”
" သူ စင်နောက်မှာရှိလိမ့်မယ်
စိတ်ပူရင်လည်း မင်းကိုယ်တိုင်သွားကြည့်လိုက်
ငါ့ကိုလာပြီး စကားနာမထိုးနဲ့ Jimin!
ငါ အာရုံစိုက်နေရတာ
သူ တစ်ယောက်တည်းမဟုတ်ဘူး .... ”" သွားကြည့်ပေးဦး... ဂရုစိုက်ပေးဦး ....
အဲ့ဒီလိုစကားတွေလည်း မင်းအတွက်
အခုထိခက်ခဲလား ”ဂျီမင် နေရာကနေထကာ backstage ဘက်ကို
ထွက်သွားခဲ့သည် ။ဂျီမင်ပြောတာ မှန်ချင်မှန်နေခဲ့မှာပါ
သူငယ်ချင်းဆိုတာကို ထယ်ယောင်းဘက်က
အလွန်ပြောဆိုခဲ့ပြီးမှ သူ မလုပ်နိုင်တဲ့အရာအတွက်
အသံတိတ်တွန်းအားပေးတတ်တာမျိုး ။
ကင်မ်ထယ်ယောင်းက ဒီလိုလူဖြစ်မှာပါ ။....................၊
" အနုပညာရှင်တွေလိုက်ရိုက်ရတာ မလွယ်လိုက်တာ
နင့်အလှည့်ရောက်တော့မှာလား Jungkook ”ဘယ်ကနေပေါ်လာမှန်းမသိ ရောက်ရောက်လာတဲ့
အတန်းခေါင်းဆောင်က အခုလည်း ဖုန်းကိုင်ပြီး
ရောက်လာပြန်သည် ။" ဒါပြီးရင် ငါ့အလှည့်ပဲ ”
" ဟုတ်လား.... ဒါဆို ငါ့သူငယ်ချင်းကို
ရိုက်ရမှာပေါ့ Jungkook shi fighting!!!! ”ကင်မရာချိန်လာ၍ ဂျောင်ဂုအမြန်ရှောင်ရင်း...
" ဘာလဲ... မရိုက်ပါနဲ့ဆို ”
YOU ARE READING
Jeon's eyes tell
RomansaJungkook x Jimin x Taehyung x JK /Jikook & Taekook / " ငါကတော့ ရယူရလိမ့်မယ် .... မင်းကတော့ စွန့်လွှတ်ပေးမှာပေါ့..... သူကရော ဘာကိုရွေးချယ်တာဖြစ်မလဲ! " " မပြောတတ်ဘူး..... သူ့မျက်လုံးတွေကြည့်ရင် မသိနိုင်လောက်ဘူးလား " #50 vminkook ( 19.5.22 ___ 23.3...