8

65 5 0
                                    

" Kim Taehyung! မင်း ဘာတွေလုပ်နေတာလဲ ”

တွေ့ဆုံနေကြတဲ့အခန်းနဲ့ဝေးတဲ့ တစ်နေရာကို
ဂျီမင် သူ့ကိုဆွဲခေါ်လာရပြီး ဒေါသထွက်မရရုံတမယ်
ထိန်းပြောနေရသည် ။

" ဆိုးလ်ကိုရောက်ရင် သေချာပြောပြမယ်လို့
ငါပြောပြီးသားလေ... အဲဒါကြောင့် အခုတွေ့ပေးတာ”

" ငါ ဘာကိုဆိုလိုချင်လဲဆိုတာ မင်းသိပါတယ်
Taehyung! အဲဒီလောက်တူနေတဲ့သူကို
အနားကိုခေါ်ထားပြီး မင်းဘာဖြစ်ချင်နေတာလဲ
သူ..... သူက JK မဟုတ်ဘူးလေ!
Taehyung ရ! ”

" ငါ သိတယ်! ”

" ဒါပဲလား.... အဝေးကသူ့နေရာမှာပျော်နေတဲ့သူကို တကူးတကမင်းဘေးနားအထိ ခေါ်လာခဲ့ပြီးပြီလေ
JK ရဲ့နေရာကိုအစားထိုးဖို့မဟုတ်ရင် ဘာရှိဦးမှာလဲ ”

" Jimin! ဒါတွေဆက်ပြောမယ်ဆို နောက်မှပဲ
ပြောတော့.... ငါ လိုအပ်တဲ့အချိန်မှာ မင်းမရှိဘဲနဲ့
အခုမှ ဘာလို့အပြစ်တင်တာက အရင်လဲ....
ငါ ဒီရက်တွေမှာ ဘာတွေဖြစ်နေခဲ့လဲဆိုတာရော
သိလား အခုလို ပြန်ပြောနေရတာကိုက
စိတ်ပျက်ဖို့ကောင်းနေပြီ .... ”

" ငါကအကုန်လုံးကိုတော့ မသိနိုင်တော့ဘူးလေ
မင်း ပြောပြပေးရင်ရတာပဲ.... ”

" ပြောစရာတွေ၊ နား​ထောင်စရာတွေက အခုတော့
မဟုတ်ဘူး အခုဒီလောက်နဲ့ပြန်သွားရမယ် Jimin!
ဟိုမှာတစ်ယောက်တည်း ကျန်ခဲ့တယ်လေ....
Wang hyung တို့လည်းရှိနေတာ
သူ့ကို အကြာကြီးထားခဲ့လို့ မဖြစ်ဘူး.... လာ! ”

အရင်လှည့်ထွက်သွားသူကို ဂျီမင်ကြည့်မိရင်း
စိတ်တွေလေးလံလာသည် ။

နှစ်ယောက်လုံးနေရာကိုပြန်ရောက်တော့
ထယ်ယောင်းက မျက်နှာတွေချိုသာထားပေမယ့်
ဂျီမင်က သိသိသာသာကိုတင်းမာနေဆဲ.... ။

" Taehyung! ဒီနေ့ ငါတို့ကိုလန့်အောင်လုပ်ပြီး
ဘာမှပြောစရာမရှိဘူးလား.... ”

လီဂျောင်ဟွာကမေးတော့ ထယ်ယောင်း လက်ထဲက
ဇွန်းကိုပြန်ချပြီး....

" အရမ်းအထူးအဆန်းလိုတော့ တွေးစရာမလိုပါဘူး
မဟုတ်ရင်လည်း.... ဒီအတိုင်း Kim Taehyung ရဲ့
နောက်တစ်ယောက်လို့ တွေးနေကျအတိုင်း
မှတ်ယူထားလိုက်လည်းရပါတယ်... ”

Jeon's eyes tell Where stories live. Discover now