အတိတ်ဆီ....
Paradise နဲ့ hotelအခန်းက JK အတွက်
နေ့တိုင်းလိုဝင်ထွက်နေတဲ့ နေရာတွေဖြစ်လာသည် ။ V.I.P အခန်းကိုဝင်လာပြီး လက်ထဲမှာပါလာတဲ့
အိတ်အမည်းထုပ်ကို စားပွဲပေါ်ချပေးလိုက်သည် ။" ငါတို့ JK! ရောက်လာပြီပဲ "
V.I.P အခန်းကိုယူပြီးနေ့တိုင်းသောက်စားနေတဲ့
ကင်မ်ဝမ်ကတော့ ဝမ်းပန်းတသာကြိုဆိုနေပေမယ့်
သူ့အတွက်ကတော့ အဲ့လောက်မဟုတ် ။" စစ်ကြည့်လိုက်ပါ... "
" မလိုဘူး.... ငါ မင်းကိုယုံပြီးသား JK! "
ကင်မ်ဝမ်ကအရိပ်အကဲပြတော့ ကောင်မလေးတွေ
အကုန်ထွက်သွားကြပြီး ဂျန်ဟွန်းနဲ့ဆယ်ရာသာ
ကျန်နေခဲ့သည် ။ အိတ်ကိုဖွင့်ပြီး အပုံလိုက်ရှိနေတဲ့
ပိုက်ဆံတွေကို စားပွဲပေါ် အိတ်လိုက်သွန်ချနေသည်
ပိုက်ဆံတွေကိုတော့ ဘေးကိုတွန်းပြီး
သူရှာနေတာက အဖြူရောင်အိတ်အသေးလေး
ဖြစ်သည် ။ အဲဒီ့ထဲက ထွက်လာတဲ့အမှုန့်တွေကိုတော့
သူ သုံးဆောင်နေကျအတိုင်း ခံစားသည် ။အရက်မူးနေတဲ့ဆယ်ရာက ဘာမှမမြင်သလို
ဂျန်ဟွန်းကတော့ အကြည့်လွှဲပြီးအရက်သာ
သောက်နေသည် ။
ဒီပုံစံတွေကိုအစအဆုံးကြည့်ပြီးတဲ့ JK အတွက်က
နှုတ်ခမ်းမဲ့မိသွားသည် .... ။" ဒီလိုအလုပ်ပါလုပ်ပေးမယ်လို့ မပြောဖူးဘူး "
" ဒီလိုအလုပ်တဲ့လား... မင်းအတွက်လုပ်ပေးထားတဲ့
တရားမဝင်အလုပ်ထက်စာရင် သာပါသေးတယ်
မမေ့နဲ့... ငါ မင်းကိုလိုသလို မင်းလည်းငါ့ကို
လိုတယ်မလား "" ပြောထားတာသာ အမြန်ဆုံးပြင်ပေးထား! "
JK အခန်းထဲကထွက်သွားတော့ ဂျန်ဟွန်းက
အခြေအနေတွေကိုကြည့်ကာ.." Wang Hyung... သူ့ကိုအသုံးချတာမှန်ပေမယ့်
သတိထားတာကောင်းလိမ့်မယ်နော် "" တော်စမ်းပါ... Jang Hyun ရာ!
မင်းက ငါ့ထက် Kim Taehyung ကိုပဲ
ကြောက်တတ်တာလား "ဆေးအရှိန်ကြောင့် သတိမထိန်းနိုင်တော့တဲ့
ကင်မ်ဝမ်က ဘေးမှာမူးပြီးအိပ်ပျော်နေတဲ့
ဆယ်ရာကိုသေချာကြည့်ကာ သူမမျက်နှာကိုကိုင်ပြီး
သူ့လျှာပေါ်မှာဆေးမှုန့်တင်နေတဲ့အနေအထားနဲ့
သူမ နှုတ်ခမ်းကိုတေ့ပြီးထိကပ်လိုက်တယ်
YOU ARE READING
Jeon's eyes tell
RomanceJungkook x Jimin x Taehyung x JK /Jikook & Taekook / " ငါကတော့ ရယူရလိမ့်မယ် .... မင်းကတော့ စွန့်လွှတ်ပေးမှာပေါ့..... သူကရော ဘာကိုရွေးချယ်တာဖြစ်မလဲ! " " မပြောတတ်ဘူး..... သူ့မျက်လုံးတွေကြည့်ရင် မသိနိုင်လောက်ဘူးလား " #50 vminkook ( 19.5.22 ___ 23.3...