4

81 5 1
                                    

2015 Seoul ,

" ကျွန်တော်ဝင်လာခဲ့မယ်နော် စီနီယာ "

အခန်းတံခါးခေါက်ပြီး စီနီယာရဲ့အခန်းထဲ
ဝင်လာလိုက်တော့ စာကြည့်စားပွဲမှာထိုင်နေတဲ့သူက
ရေတစ်ခွက်ကိုအမြန်သောက်လိုက်ပြီး ခုံပေါ်က
ဆေးကဒ်အခွံကို ဘေးကအမှိုက်ခြင်းထဲ
ထည့်လိုက်တာကို JK တွေ့လိုက်သည် ။

JK ကုတင်​ခြေရင်းမှာဝင်ထိုင်လိုက်ပြီး ....

" နေမကောင်းဘူးလား "

" ဒီအတိုင်း ခေါင်းနည်းနည်းကိုက်နေလို့ "

" အဆင်ပြေရဲ့လား ဆေးရုံသွားမလား "

" ရတယ်.... အဒေါ်ကြီးဆီက
ဆေးတောင်းသောက်ပြီးပြီ "

JK ဆီကပြန်ပြီးတိတ်ဆိတ်သွားတော့ ဂျီမင်
လှည့်ကြည့်ပြီး....

" ဘာကိစ္စလဲ "

" တကယ်ထွက်သွားမှာစိုးလို့ လာကြည့်တာပါ
ကျွန်တော်ရော Taehyung hyung ရော
စီနီယာကို စိတ်ပူနေတာသိတယ်မလား
ဒါပေမယ့်လည်း ကျွန်တော့်ကြောင့် ဒီလိုတွေ
ဖြစ်သွားတယ်ထင်လို့ စိတ်တော့မကောင်းဘူး "

" အဲဒါတွေလိုက်စဥ်းစားဖို့ အချိန်ရှိရင်
စာသာလုပ်.... နောက်နှစ်ဆို အထက်တန်း
နောက်ဆုံးနှစ်မဟုတ်ဘူးလား "

" အဲ့အချိန်ကျရင် စီနီယာတို့က တက္ကသိုလ်မှာ
ရှိနေမှာပေါ့ "

" ဒီလောက်မရိုးရှင်းဘူး ကြည့်ရတာတော့
Taehyungie ရော ငါရော ကျောင်းပြီးတာနဲ့
ပညာတော်သင်သွားရလိမ့်မယ် အဲဒါက
ဒီလိုအိမ်တွေအတွက်အစဥ်အလာပဲလေ "

" ကျွန်တော်ကတော့ ဘယ်ကိုပဲဖြစ်ဖြစ်
လိုက်လာနိုင်တယ်.... Hyung တို့သဘောကျမှပါ! "

" မပြောတတ်ဘူး! ငါကတော့ သာမန်ပဲ.... "

မျက်ခုံးတစ်ချက်ပင့်ကြည့်ရင်း ရေခွက်ကိုင်ကာ
အခန်းထဲကထွက်သွားတဲ့သူနောက် လိုက်ကြည့်ရင်း
JK လည်းပခုံးလေးတွန့်ပြီး အဲ့စီနီယာနောက်
လိုက်သွားလိုက်သည် ။

ဂျီမင် မီးဖိုချောင်ထဲမှာရှိနေစဥ် တံခါး bell
မြည်လာ၍ အပြင်ထွက်ကြည့်တော့ JK
တံခါးဖွင့်ပေးလိုက်တဲ့လူက အိမ်ထဲကို အေးစက်စက်
မျက်နှာတစ်ခုနဲ့ဝင်လာသည် ။

Jeon's eyes tell Where stories live. Discover now