22

60 5 0
                                    

ဂျီမင် အနားယူခိုင်းထားတဲ့ သီးသန့်အခန်းထဲမှာ ထယ်ယောင်းဟာ ငူငူငိုင်ငိုင်ရှိနေတုန်း...

သူများကိုထိခိုက်ခဲ့သလို သူကိုယ်တိုင်လည်း
ဒဏ်ရာရသွားတဲ့လက်ကိုကြည့်ပြီး ဂျီမင်
အနားကိုလာကာ ဆေးထည့်ပြီးပတ်တီးစည်းပေးလိုက်သည်

" ငါ သေချာဖြေရှင်းပြီးပြီမို့ စိတ်မပူနဲ့... "

" မဖြေရှင်းလည်း ငါဂရုမစိုက်တဲ့ကိစ္စတွေပဲ Jimin!
ငါ ဒီထက်ပိုပြီး ဘာမှဂရုမစိုက်ချင်တော့ဘူး... "

" ငါနဲ့ တစ်နေရာကိုသွားရ​အောင်! "

မနက်အလင်းပင်မကျရောက်နိုင်သေးတဲ့အချိန်မှာ
ဂျီမင် ထယ်ယောင်းကိုခေါ်ပြီး ဆိုးလ်ကနေ
ထွက်လာခဲ့တာက အဲဒီ့အိမ်ဆီကို!

အခုမှ ထယ်ယောင်းကိုခေါ်လာနိုင်ခဲ့တယ့်
ဂျီမင်ကိုယ်စားစောင့်ရှောက်ခဲ့ရတဲ့နေရာလေးကို...

ဒီနေရာကိုခြေချလိုက်ကတည်းက
ထယ်ယောင်း စိတ်တွေထူးဆန်းခဲ့တယ်
ခပ်နွေးနွေးလေထုက ဖြတ်သွားတာတောင်
သူ့စိတ်ထဲတောင့်တင်းအေးစက်နေသေးတယ်

ဒီနေရာမှာ သူသိရမယ့်အကြောင်းရာတွေ
ကျန်သေးတာဆိုရင်...
တောင်တွေရယ် ရေကန်အကျယ်ကြီးဘေးမှာ
ဆောက်ထားတဲ့အိမ်တစ်လုံးရယ်
သူမေ့နေခဲ့တဲ့ ကျီးပေါင်းပင်အောက်က
cosmos ပန်းရောင်စုံတွေကိုမြင်မှ
ရင်ဘတ်တစ်နေရာက စူးစူးနစ်နစ်အောင့်လာသည်

( JK က ပန်းတွေအကြောင်းရေးထားတဲ့
စာအုပ်တစ်အုပ်ကိုဖတ်နေရင်း ...

Hyung! Cosmos တွေကိုသိလား... ။

စင်္ကြာဝဌာမဟုတ်ဘူးလား... ။

မဟုတ်ဘူး... cosmos နာမည်ရှိတဲ့ပန်းကို
ပြောတာလေ... ။

အော်... မင်းကြိုက်တဲ့ပန်းမလား
ဂျပန်အထိ ငါတို့အတူသွားကြည့်ဖူးတယ်လေ ... ။

အင်း... အဲ့ပန်းတွေမှာ ကိုရီးယားအဓိပ္ပါယ်ရှိတယ်တဲ့
ချစ်တယ် မြတ်နိုးတယ်ဆိုတယ့် အဲ့... အဲ့လို ...။

အခု ငါ့ကိုသွယ်ဝိုက်ပြောလိုက်တာလား... JK! ။

ဘာလဲ!! အခုဖတ်ပြနေတာလေ ...။

Jeon's eyes tell Where stories live. Discover now