20

68 5 0
                                    

၃ နှစ်စာအတိတ်ရဲ့အဆုံးသတ်အခန်း (final)

ထွက်သွားတဲ့အဲဒီနေ့ရဲ့အဖြစ်အပျက်....။

အထုပ်အပိုးတွေကိုသိမ်းဆည်းပြီး ပုံးတွေလည်း
တော်တော်များနေပြီ ... အများစုက
သူ့ရဲ့ဆေးစာအုပ်အထူကြီးတွေ နေရာယူနေတာ ။

စာအုပ်တွေထည့်ထားတဲ့ပုံးထဲကို
စားပွဲပေါ်ကနေလှမ်းယူလိုက်တဲ့ သူနဲ့ hyung ရဲ့
တစ်ခုတည်းသောဓာတ်ပုံဘောင်ကို အတော်ကြာ
ကြည့်ပြီးမှ အပေါ်ဆုံးမှာထည့်ထားလိုက်တယ်

ဂိုဒေါင်လုပ်ထားတဲ့အခန်းထဲက
တစ်ခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း
သိမ်းဆည်းရှင်းလင်းရင်း အမည်းရောင်ကိုမှ
ဖုန်တွေတက်နေတဲ့ ခပ်ကြီးကြီးကျောပိုးအိတ်
တစ်လုံးက သူ့လက်ထဲရောက်လာသည်

ချက်ချင်းအမှိုက်အိတ်ထဲပစ်ထည့်ဖို့လုပ်ရင်းမှ
အတွေးပြောင်းကာ ဖွင့်ကြည့်လိုက်သည်
အထဲမှာရှိနေတဲ့ သူ့ရဲ့ဆေးကုကိရိယာတွေက
နေရာမပျက်သေး...

နားကြပ်၊ တစ်ခါသုံးလက်အိတ်နဲ့mask တွေ၊
ဓား၊ ကတ်ကြေး၊ ပတ်စအဖြူတွေ၊ ပိုးသတ်ဆေး၊
တစ်ခြားလိုအပ်တဲ့ဆေးတွေနဲ့ အရေးကြီးခွဲစိတ်ဖို့
လိုအပ်လာတဲ့အခါ ပစ္စည်းကိရိယာအစုံအလင်
ရှိနေသည်

ပြီးပြည့်စုံအောင်ကိုပြင်ဆင်ထားတဲ့ သူ့ရဲ့
တရားမဝင်ဆေးကုတဲ့အလုပ် ဖြစ်ခဲ့ဖူးသည်
သိပ်မကြာခဲ့တဲ့အချိန်ဆိုပေမယ့် ဒီနားကြပ်နဲ့
လူဆိုးလူကောင်းမရွေးချယ်နိုင်ဘဲ နှလုံးခုန်သံတွေ
များစွာကို နားထောင်ခဲ့ရပြီးပြီ
ဒီခွဲစိတ်ဓားနဲ့ပဲ ဓားထိုးဒဏ်ရာတွေ သေနတ်ဒဏ်ရာ
တွေအများကြီး ခွဲစိတ်ပေးခဲ့ရဖူးတယ်

ဒီအတွေ့အကြုံကြောင့် သူ့ရဲ့အရည်အချင်းက
လက်တွေ့ဆန်ဆန် တိုးတက်လာရုံအပြင်မရှိခဲ့ဘူး
ဆန့်ကျင်ဘက်အနေနဲ့ ဒီလိုနောက်ကြောင်းက
သူ့အတွက် စိတ်မအေးစရာအနေနဲ့ ကျန်နေတယ်

ရပ်လိုက်ဖို့ ဆုံးဖြတ်ပြီးမှတော့ အဲဒီ့အချိန်တွေကို
မေ့ဖို့ပဲကြိုးစားလိုက်သည် ဒီကျောပိုးအိတ်ထဲက
ပစ္စည်းတွေကို ပုံးတစ်ပုံးထဲသပ်သပ်ပြောင်းထည့်ပြီး
သိမ်းထားလိုက်သည် ။

Jeon's eyes tell Where stories live. Discover now