2

110 8 0
                                    

Jaejudo ,

ဂျောင်ဂုရဲ့အိမ်ပြန်လမ်းက ခြေလှမ်းတွေက
ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်လာတဲ့အရိပ်တွေမှန်း
သိသာမှာပါ ။ လက်တစ်ဖက်က yogurt ဘူးကို
တစ်လမ်းလုံးသောက်လာတာဖြစ်ပြီး တစ်ဖက်ကတော့
အဖြူရောင်စက္ကူအိတ်လေးထဲက ဒီတစ်လလုံးရဲ့
အချိန်ပိုင်းလုပ်အားခတွေဖြစ်သည် ။

" ငါတို့ အမကြီးဒမ်တော့ပျော်သွားတော့မှာပဲ.... "

" အဘွား! JungKook ပြန်ရောက်....."

အုတ်စီထားတဲ့ခြံကိုကျော်ပြီး အထဲကိုဝင်လိုက်တာနဲ့
ဂျောင်ဂုမျက်လုံးတွေဝိုင်းစက်သွားရသည် ။
အိမ်ရှေ့ကွတ်ပျစ်မှာထိုင်နေတဲ့အဘွားက
သူ့ကိုမြင်တော့ထသွားပြီး အခန်းပြင်ထားလို့
ပြောသွားသည် ။

ပြီးတော့ သူ့ကိုရယ်ပြနေတဲ့သူ!
ဒီလူကို ထပ်တွေ့ရပြန်ပြီ ။

" ငါ့ကိုမြင်တိုင်း မင်းလန့်သွားရတယ်ထင်လို့
စိတ်တော့မကောင်းဘူး ...."

ခုံပေါ်ခြေထောက်ချိတ်ပြီးကျကျနနထိုင်နေတဲ့သူကို
သေချာကြည့်နေမိတော့....

" လူကြီးကိုမြင်ရင် နှုတ်ဆက်ရမှာပေါ့.... "

" မင်္ဂလာပါ!
ဒါနဲ့ ဘယ်လိုဖြစ်တာလဲ..... အဘွားက ဘာလို့
အခန်းပြင်ထားလို့ပြောတာလဲ "

ထယ်ယောင်း အနောက်ပို့ထားတဲ့ carrier ကို
ယူလိုက်သည်

" ဂျယ်ဂျူကမပြန်ခင် ဒီမှာနေမလို့
အရင်ကတည်းက ဒီနေရာက တည်းခိုဆောင်ဆို.... "

" အဲဒါက အရင်ကလေ "

ရိုးရာအိမ်လိုမျိုး ဘေးဆွဲတံခါးနဲ့အခန်းမျိုးတွေ
၄၊ ၅ ခန်းလောက်ရှိနေတာဖြစ်သည် ။
မီးဖိုခန်းဆိုလည်း အရင်တုန်းကလိုမီးပေါင်းဖိုကြီးတွေ
ရှိနေသည် ။ ရေတုံကင်စက်နဲ့ ရေဇလုံတစ်ခုမှာ
လက်ကိုင်အရှည်ကြီးနဲ့ရေခွက်ပါရှိနေတော့
အရင်ကအငွေ့အသက်တွေအပြည့်နဲ့နေရာတစ်ခု
ဖြစ်နေသည် ။

ထယ်ယောင်း အခုမှသတိထားကြည့်မိတဲ့နေရာက
သဘောကျစရာကောင်းပါသည် ။

" အကောင်းအတိုင်းရှိနေတဲ့ ဟိုတယ်အခန်းကို
ထားပြီး ဒီဘာလာလုပ်တာတဲ့လဲ...."

Jeon's eyes tell Where stories live. Discover now