အပိုင်း ၅

854 132 4
                                    

အသည်းမီးတောက် ဦးနှောက်ကြပ်ခိုးစွဲ ဆိုသလိုပင်။ နှလုံးသားကနာကျင်မှုကို ဦးနှောက်က တဆစ်ဆစ်တုံ့ပြန်ရင်း အပေးအယူတည့်နေကြနေပါရောလား ။ အမှတ်တရများသည် ဦးနှောက်ပိုင်နက်တစ်ခုလုံးကို အခုလိုအချိန်လေးမှစ၍ အတောမသတ်နိုင်‌အောင် ခြယ်လှယ်နေကြကုန်ပြီ။ မြနဲ့ဝေးကွာတာ ဆယ်ရက်၊ တစ်လ၊ တစ်နှစ် လိုမျိုး အချိန်များရောက်လာခဲ့လျှင်ကော ဘယ့်နှယ်ရှိစ။

စိုးထိတ်ပူပန်စွာ မိမိကိုယ်ကို သနားဂရုဏာသက်မိရင်း ပြတင်းမှလှမ်းမြင်ရသော နှင်းဆီပင်ကို ငေးမောနေမိသည်။

ထိုအပင်သည် ငုံသည့်အဖူး၊ ပွင့်သည့် ပွင့်လွှာ တို့ဖြင့် ပြည့်ဖြိုးဝေဆာနေသော နှင်းဆီပ‌ဒေသာပင်ကြီးပင်။ ထို့အထဲ အကြီးဆုံးနှင်းဆီပွင့်ကို ပျားနှင့် ပိတုန်းတို့က အလုအယက်ဝိုင်းအုံနေကြသည်။ အနောက်ဆုံးက ပျားအငယ်ဆုံးလေးကို သနားလိုက်လေခြင်း။ မိမိအဖြစ်နှင့်သိပ်တူပါရဲ့။ ထားပါလေ။

မြနှင့်ပတ်သက်သော အမှတ်တရများကိုပြောရလျှင် ထိုနှင်းဆီပင်ကြီးကိုချန်ထား၍မရပေ။

..

"နေ့စဉ်ပန်းဝယ်ရတာမတတ်နိုင်တော့ဘူးမြရယ်.. မနက်စာဘယာကြော်တောင်သုံးခုလျော့စားနေရတယ်"ဟု ညည်းမိသောအခါ မြက ကလေးတစ်ယောက်လို တခစ်ခစ်ရယ်လေသည်။

"ဆိုရင်ဖြင့် နှင်းဆီပင်တစ်ပင်စိုက်ပေးလေ"ဟု ချွဲ့နွဲ့ပြောသော အမူယာကြောင့် ဒီလူရဲ့နှလုံးသားဟာ အရည်ပျော်ရပြန်သည်။နှင်းဆီပွင့်ဖက်တွေ တစ်ရွက်ချင်းခြွေချသလို မြဟာ ကိုယ့်အသည်းကိုတစ်လွှာချင်းတိုက်စားသည်။ နှလုံးသားဟာအရည်ပျော်လိုက် အလွှားလိုက်ကွာကျလိုက်နှင့် 'မြ'ပြုသမျှ နုရသည့်အဖြစ်ပါ။

မြစကားအတိုင်းအပင်စိုက်ရန်တွေးပြီး‌ေနာက် ဈေးချိုတန်းနားက ပျိုးပင်ဆိုင်တွင် ယိုးဒယားမျိုးဟုပြောကြသည့်ထဲမှ အဝါရောင်မျိုးကိုရွေးဝယ်ခဲ့သည်။
စိုက်ရန်နေရာရှာသည့်အခါ၌လည်း အခန်းပြတင်းဝမှ ဖူးပွင့်သော အဝါရောင်နှင်းဆီပွင့်တို့ကိုမြင်လျှင် မြတော့ဖြင့် ဘယ်လောက်ပျော်လိုက်လေမလဲဟု အတွေးနှင့်ပင် ကြည်နူးခဲ့ရသည်။
အဆောင်ပိုင်ရှင်ကြီးကြီးသဘောကောင်းသဖြင့် အိုးနှင့်စိုက်စရာမလိုပဲ မြေဆီဩဇာကောင်းသော မြေပေါ်တွင်စိုက်ခွင့်ရလိုက်လေသည်။

ကိုယ်ပန်ချင်သော.. နှင်းဆီဝါWhere stories live. Discover now