အပိုင်း ၄

847 133 2
                                    

မနက်ခင်းတည်းကအဆောင်ရှင်ကြီးကြီးဆီမှ မှာထားသော ကြက်ဥကြော်နှင့်ထမင်းဆီဆမ်းသည် ဟိုတစ်စေ့ ဒီ‌တစ်စေ့စားထားသဖြင့် အရာပင်မယွင်းပေ။ မိမိရှေ့တွင်ချထားသော မိုင်နာဘာသာရပ်စာအုပ်သည်လည်း ပိတ်ရက်စပေးတည်းကအတိုင်း အရာမယွင်းခဲ့.. ။ စာမေးပွဲဖြေရန်တစ်ပတ်သာကျန်တော့ပြီး ကိုယ်ပိုင်စာကြည့်ချိန် အရှေ့တစ်ပတ်လုံးလုံး မြကိုလွမ်းဆွတ်နေခြင်းကြောင့် ယခုထိ ဟုတ်တိပတ်တိစာမလုပ်နိုင်။

အမှတ်တရတို့သည် နာရီလက်တံ တစ်ပတ်စာပင်မကြာလိုက်သော်လည်း ဦးနှောက်မှတ်ဉာဏ်တွင်မူ ကပ်ပါးတစ်ကောင်လို ခိုကပ်စွဲထင်ရင်း ဘဝတစ်လျှောက်လုံး ကောင်းကောင်းဒုက္ခပေးကြတော့မည်။ မေ့ပစ်နိုင်မည်မဟုတ်မှန်း သိလျက်နှင့်ပင် မြဆီကအပြီးတိုင်ထွက်သွားမည်ဟူသော ကြောက်ဖွယ်လိလိဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချခဲ့သည်။ တကယ်ဆို မြအနား  သည့်ထက်အချိန်ကြာအောင်ဆွဲဆန့်ထားပြီး ကပ်တွယ်နေလို့ရရဲ့သားနဲ့ကွယ်။

......

အခန်းထောင့်တွင် ထောင်ထားသော ဂစ်တာ အဖြူလေးကိုမြင်သောအခါ မြ၏မျက်နှာအားမြင်ချင်သည့်စိတ်သည် ထိန်းထားသည့်ကြားမှပင် တလှိမ့်လှိမ့်စို့တက်လာသည်။ ‌ခြောက်သွယ်သော ငွေမျှင်ရောင် ဂစ်တာကြိုးတို့သည် မြ၏လက်ချောင်းသွယ်သွယ်တို့ပြေးယှက်ဖူးသောနေရာဖြစ်ခဲ့သည်။ ယခုမူကား မြ၏ဂစ်တာသံချိုမြမြကို နောက်ထပ်မကြားနိုင်တော့မှန်းသေချာသွားခဲ့ပြီ။ မှတ်ဉာဏ်တွင် ကပ်ခိုနေသောကပ်ပါးကောင်လေးက မြ၏ဂစ်တာတီးဟန်တို့ကို တရိပ်ရိပ်‌တူးဖော်ကာ အတိတ်ကို ပုံရိပ်အသွင်ဆောင်ယူလာကြသည်။
......

"မြ ဂစ်တာ တီးမယ်။တိုးကသီချင်းဆိုလေ"

"ဟင့်အင်း.. တိုးမှသီချင်းမဆိုတတ်တာဘဲ"

"ဆိုပြပါကွာနော် အတူတူဆိုမယ်လေ..."

"မြကလည်း.."

"ဆိုပြနော်.. မြကိုချစ်ရင် ဆိုလို့.. နော်"

မြကိုချစ်ရင်ဆိုသည့်စကားအဆုံး ကိုယ့်ကျောပြင်မှကြက်‌သီးမွှေးညှင်းများထသွားခဲ့ရသည်။ကြောင်ပေါက်လေးအစာတောင်းသလို တောင်းဆိုနေခြင်းကြောင့် မျက်လုံးမှိတ်ပြလိုက်သောအခါမှ ထိုကြောင်မလေးက အလိုကျစွာ ရယ်မောပေသည်။

ကိုယ်ပန်ချင်သော.. နှင်းဆီဝါDonde viven las historias. Descúbrelo ahora