အပိုင်း ၁၁

922 138 12
                                    

××မှန်ရာကို သစ္စာဆိုပါမည်..ဘုရားသခင်ထံတိုင်တည်ဖူးပါသည်..
ရင်မှာတစ်‌ယောက်တည်း ချစ်ခဲ့ဖူးပါသည်
မင်းကလွဲ၍ ဘယ်သူ့မှကိုယ်မချစ်သည်××

ဆယ့်ခုနစ်နှစ်အရွယ် မိန်းမငယ်တစ်ဦး၏ ရင်ခုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့အား အချစ်၊မေတ္တာ သစ္စာတို့ဖြင့် ချည်နှောင်ဖို့ရန် အခါစောလွန်းသေးကြောင်းကိုယ်နားလည်ပါ၏။ မိန်းမတို့သည် အချစ်ကို ကိုးကွယ်သည်။ အချစ်ရှိရာသို့ ရှေ့နောက်မကြည့်တိုးဝင်ကြသည်။ အချစ်ရဲ့အလွန် ဒုက္ခ၊နာကျင်မှုများကို ကြိုတင်တွေးဆလျှက် ခါးစည်းရင်ဆိုင်ပစ်ချင်သည်။ ဤသည်ကို သူရဲကောင်းဟုဆိုရမလား၊ သူရဲဘောကြောင်သည်ဟုဆိုရမလား ။

မြနှင့် ဆုံတွေ့ခဲ့သော ကာလအပိုင်းအခြားအားကြည့်သော်လည်းကောင်း၊ မိမိအသက်နှင့်နှိုင်းဆလျှင်လည်းကောင်း အချစ်ဟုအမည်တပ်ဖို့ စောသေးကြောင်း ဦးနှောက်က သတိပေးတတ်သည်။ သို့သော် သိသိသာသာထုတ်ဖော်မရသော တုံ့ပြန်မှုများသည် မသိစိတ်တို့၌သန္ဓေတည်လျက်ရှိရင်း ထိုသံသယများကို အခါအားလျှော်စွာ ငြှိမ်းသတ်နိုင်သည်။

ရင်ခုန်ခြင်းကလေးများအနောက်က နင့်နင့်နဲနဲမြတ်နိုးမှုများ၊
မျက်နှာမြင်ချင်စိတ်လေးများနောက်က လွမ်းမောတမ်းတစိတ်များ၊
ပိုင်ဆိုင်မက်မောစိတ်များနောက်က အေးချမ်းစေချင်သည့်ဆန္ဒများ။
ကိုယ်ဟာ ထိုနောက်ကွယ်က သဒ္ဓါတရားလေးများ ရင်ထဲပေါက်ဖွားလာတိုင်း ထိုအရာကို အချစ်ဟုအကြွင်းမရှိယုံကြည်လိုက်ပြန်သည်။

...

လူတစ်ယောက်ကိုချစ်မိခြင်းမှာ မိမိအတွက် အံ့ဖွယ်ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုသူကလွဲ၍ မျက်လုံးထဲ မည်သူတစ်ဦးတစ်ယောက်ကိုမှထည့်၍ မရနိုင်တော့ပေ။

ဘုရားပူဇော်သည့်အခါ မိမိထက်ပို၍ သောကပူပန်စွာ တောင်းဆုခြွေရသူမှာ ထိုချစ်ရသူဖြစ်သည်။
အချစ်သီချင်းကလေးများနားထောင်သောအခါ ထိုသူ့၏ကော့ညွှတ်ရဲ‌သောနှုတ်ခမ်းကလေးများကို မြင်ယောင်ခံစားမိစေသည်။
စာအုပ်များဖတ်သောအခါ ထိုသူ၏ဖန်ရောင်လဲ့ဖြာသော မျက်ဝန်းညိုများကိုသာ တမ်းတမိသည်။
လိပ်ပြာကလေးမြင်လျှင်၊ ပန်းပွင့်ကလေးမြင်လျှင်၊ တိမ်တိုက်ကလေးမြင်လျှင် ထိုသူနှင့်သာ ပုံခိုင်း၍ အလှချင်းယှဥ်မိသည်။

ကိုယ်ပန်ချင်သော.. နှင်းဆီဝါDonde viven las historias. Descúbrelo ahora