8

1.4K 198 20
                                    

(Unicode)

''ဘတ်ခ်ဟျွန်း~''

''ပတ်ဘတ်ခ်ဟျွန်း~''

''ကလေးလေး~ ထမယ်လေနော် မဟုတ်ရင် နောက်ကျတော့မယ်''

နှိုးလည်း နှိုးရင်း မျက်တောင်စတွေနဲ့ ရောယှက်ချင်နေတဲ့ ဆံစတွေကို အသာသပ်တင်ပေးရတယ်။ဆံပင်တောင် အတော်ရှည်လာပြီ ဘာပုံစံလေး ညှပ်ခိုင်းရင် ကောင်းမလဲ။တိုတိုလေးဆို ကောင်းမယ် လန်းလန်းဆန်းဆန်းဖြစ်မဲ့ပုံစံမျိုးလေး။

မျက်လုံးထဲ တစ်မျိုးပြီးတစ်မျိုး ပုံဖော်ကြည့်နေစဥ် ဘတ်ခ်ဟျွန်းက မျက်လုံးနှစ်ဖက်ကို ပွတ်လို့ ထထိုင်တယ်။အိပ်ချင်မူးတူးနဲ့ လက်နှစ်ဖက်ကို ဆန့်ပေးတယ်။ကမ်းလင့်ရာဆီ အမြန်ခိုဝင်ပြီး ပွေ့ဖက်မှုလေးတစ်ခုပေးလိုက်တော့ အတန်ကြာသည်ထိ မလှုပ်မယှက်။ပြန်များငိုက်နေသလား စိတ်နဲ့ ဆွဲယူကြည့်တဲ့အခါ ငူငူငိုင်ငိုင်လေး။

''မျက်နှာသစ်ရအောင်''

မတ်တပ်ထရပ်ပြီး ခါးကို ဖက်တွယ်လာပြန်တာကြောင့် ပွေ့မပြီး ရေချိုးခန်းဆီ ပို့ရတယ်။ထိုင်ခိုင်းထားပြီး သွားတိုက်ဆေးထည့်ဘာညာက သူ့အလှည့်ပြန်ဖြစ်လာတယ်။

''အာ~''

ဟပေးလာတဲ့နောက် သွားဖြူဖြူလေးတွေကို သေချာတိုက်ပေးပြီး မျက်နှာကို သစ်ပေးတဲ့အချိန် လက်တစ်ဖဝါးစာပဲရှိတဲ့ မျက်နှာလေးကြောင့် ထိန်းထားတဲ့ကြားက သက်ပြင်းတစ်ချက်ထွက်သွားတဲ့အခါ စိုးရိမ်တကြီးမော့ကြည့်လာတယ်။

''မဟုတ်ဘူး မင်းကြောင့်မဟုတ်ဘူးနော် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ''

လေရှိုက်လိုက် လေထုတ်လိုက်ကို သုံးကြိမ်လောက်ပြုပြတော့ ရယ်တယ်။

''အဲလိုလေး ရယ်စမ်းပါ''

''မင်းလည်း ငါ့ကြောင့် စိတ်ညစ်ရပြီ''

''မင်းအတွက်ပါ အစား နှစ်ကိုယ်စာ ခံစားပေးလိုက်ချင်တာ''

''ငါ အချိန်တစ်ခုထိပါပဲ အမြန်ဆုံး အဆင်ပြေအောင် ကြိုးစားမယ်နော်''

''အင်း.. အဆင်ပြေလာမှာ ကိုယ်သိတယ်။ ကလေးက ဒီလောက်စိတ်မာတာ''

''တော်ပါ.. ဘယ်လ်ိုအသုံးအနှုန်းကြီးတွေလဲ''

Year after YearМесто, где живут истории. Откройте их для себя