4

1.4K 218 5
                                    

(Unicode)

ဘောပင်ကို ကိုင်လို့ ရေးခြစ်နေတဲ့ လက်သွယ်သွယ်တွေဟာ တစ်နာရီခန့်လောက် ကြာသည်အထိ မရပ်မနား။ခါတိုင်းဆို စာလေး ၁၅မိနစ်လောက်ရေးပြီးရင် ပျင်းကြောဆန့်လိုက်၊ လက်တွေခါလိုက်နဲ့ကောင်လေးက စာအုပ်ထဲ ခေါင်းဝင်မတတ် အာရုံကိုစူးစိုက်လို့ ရေး​နေတာ သူ့အတွက် ရှာမှရှားမြင်ကွင်းပါပဲ။ပိုရှာမှရှားတာက စာသင်ချိန်ဖြစ်နေတာ။ခုထိ တရေးမှကို မငိုက်သေးတာ။

ဟိုးငယ်စဥ်ကတည်းက ဘတ်ခ်ဟျွန်း ဒီလိုအားအပြည့်နဲ့ လန်းဆန်းတက်ကြွနေတတ်တဲ့ချိန်က စာသင်နှစ်တစ်နှစ်လုံးမှာ ဒီအချိန်ပဲရှိတယ်။ဘောပင်ကို အနီတွေရော အနက်တွေရော အပြာတွေရောသုံးပြီး အသကြီးသနေတဲ့ စာလုံးတွေကို ကြည့်လိုက်မယ်ဆို..

'ကျောင်းတွင်း အဆိုပြိုင်ပွဲ'

ဒီစကားလုံးတွေကို ပုံစံမျိုးစုံနဲ့ မြင်ရလိမ့်မယ်။အနီနဲ့ရေးထားတာတစ်မျိုး၊ အပြာနဲ့တစ်ဖုံ၊ အနက်နဲ့တစ်လှည့်၊ သုံးရောင်ပေါင်းပြီးခြယ်လိုက်၊ လေးထောင့်ဆန်ဆန်လေးရေးထားတာတွေရော ဝိုင်းစက်လို့နေတာတွေရော၊ ဘေးမှာ အသည်းပုံလေးတွေပါထပ်ဖြည့်။

နှစ်စဥ် ကြော်ငြာဘုတ်မှာ 'ကျောင်းတွင်း အဆိုပြိုင်ပွဲ'ဆိုတဲ့ စာရွက်ကပ်တာနဲ့ စာမေးပွဲရဲ့ ရလဒ်အဆင့်တွေ ကပ်ရင်တောင် သွားမကြည့်တဲ့ကောင်​လေးက လူအုပ်ကြားထဲ အတင်းဝင်တိုးတယ်။၏သည်မလွဲ တစ်လုံးမှမကျန်အောင် ကူးယူလာတတ်တယ်။

''ဒီနှစ်ရော ပြိုင်မှာလား''

''မင်း သိရဲ့သားနဲ့''

''နောက်ဆုံးနှစ်ကိုကွာ ဝင်ပြိုင်လိုက်'' လို့..

ပြောတော့ ဘာမှပြန်မဆိုဘဲ ချိုအီအီလေးပြုံးလို့နေပြီး ခေါင်းကြောမာတယ်။ ဒီလောက် ရူးသွပ်နေတာတောင် တစ်နှစ်မှ ဝင်မပြိုင်ဘူးပြောရင် ထူးဆန်းနေကြမလား။ဘတ်ခ်ဟျွန်းမှာ ဒီရူးသွပ်မှုထက် ပိုရူးသွပ်တာရှိတယ်။

''မင်းက မဖြစ်နိုင်တာကြီးကို မျှော်လင့်နေတာပဲ''

''ငါ့ကို သီချင်းရေးပေးမယ်လို့ သေချာ ပြောခဲ့တာ''

Year after YearWhere stories live. Discover now