3

1.5K 219 3
                                    

(Unicode)

''မငိုက်နဲ့''

''ဟင်.. အင်း အင်း''

လက်တို့လိုက်တော့ အသံထွက်လာတယ်။ မကြာဘူး မျက်လုံးလေးတွေ မှေးကျလာတယ်။
ဟော.. မေးစေ့ကိုထောက်ထားတဲ့ လက်က ချော်သွားပြန်ပြီ။

''ဘတ်ခ်ဟျွန်း မငိုက်နဲ့လို့ဆို''

''ငါ မငိုက်ပါဘူး''

ကြည့်.. ဘေးကပ်ရပ်ကကောင်ကို ဗြောင်လိမ်တာ။

မျက်လုံးတောင် မဖွင့်ဘဲ ညာနေပုံက ရိုက်ချင်စရာလေး။ဘယ်လိုမှ လက်တို့မရတဲ့အဆုံး စာရွက်ကို လိပ်လို့ နှာခေါင်းဝနား တို့တော့ ယားပြီးနိုးမယ်ထင်တာပေါ့။ဖမ်းဆွဲပြီး စာရွက်ကို ကိုက်ချကာ ပါးစပ်ထဲကနေ စာရွက်လိပ်တန်းလန်းနဲ့ ဆက်ငိုက်တယ်။ရယ်သံမထွက်မိအောင် အောင့်ထားရပေမဲ့ သူ့မျက်နှာကြီးက ပြုံးနေမိမှာ မလွဲ။

ဆိုတော့ ''ဟိုနှစ်ကောင်!'' ဆိုတဲ့ အသံနဲ့အတူ မြေဖြူခဲတွေ သူတို့နား ပျံဝဲလာရော။

အရင်က ဆရာတွေဆီမှ မြေဖြူစာအကျွေးခံရတာ အတန်းထဲ ဘတ်ခ်ဟျွန်းတစ်ယောက်တည်းကနေ ခု သူပါထပ်တိုးတယ်။ဘေးခုံကို အကောင်စားလေးရောက်လာတည်းက သူ့စိတ်အာရုံအလုံးစုံက ဘတ်ခ်ဟျွန်းဆီ ပုံကျ​နေမိတာ။ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝနိုင်သလို မျက်လုံးလေးတွေက ဆရာဆီက အဆူခံရမှ ပြူးကျယ်သွားတယ်။အဲတော့မှ သူလည်း သင်နေတဲ့စာအုပ်ကို ပျင်းပျင်းရိရိပြန်ကြည့်ဖြစ်တော့တာပဲ။

စာသင်ချိန်တွေဆို အိပ်ချင်မူးတူး အိပ်မှုန်စုံမွှား အိပ်ရေးမဝ စသဖြင့် အိပ်ပေါင်းစုံကနေ မလွတ်တဲ့ဘတ်ခ်ဟျွန်းက ဆရာထွက်သွားတာနဲ့ တခြားတစ်ယောက်ဖြစ်သွားသလိုပဲ လန်းဆန်းလာတယ်။နှစ်ယောက်က အနေနီးလို့ပဲ ဓာတ်ကူးသွားသလားပဲ။ကျောင်းစာကို လုံးဝနီးပါး စိတ်မဝင်စားကြ။

ဆရာထွက်သွားပြီဆို webtoonistဖြစ်ချင်တဲ့ သူက ပုံဆွဲစာအုပ်ထုတ်ပြီး ပုံတွေစခြစ်ပြီ။ဘတ်ခ်ဟျွန်းကတော့ ခုံပေါ် မေးတင်လို့ သီချင်းလေး တညည်းညည်းရှိနေလိမ့်မယ်။၂၄နာရီမှာ စာသင်ချိန်တွေရယ် စားချိန်ဝါးချိန်စကားပြောချိန်ကလွဲ ဘတ်ခ်ဟျွန်းနှုတ်ဖျားမှာ သီချင်းတစ်ပုဒ်ဖြစ်ရင်ဖြစ် မဟုတ်ရင် သံစဥ်တချို့ ရှိနေတတ်တယ်။

Year after YearDonde viven las historias. Descúbrelo ahora