( ၈ )

194 11 0
                                    

ရိပေါ် ရုံးရောက်တဲ့အချိန်နဲ့
Meeting လုပ်မယ်အချိန်က
သိပ်မကွာတော့တာကြောင့်
ရုံးခန်းကိုသာ သွားလိုက်တယ်။

* အရာရှိ ဝမ် တောင်ရောက်လာပြီဘဲ *

* တောင်းပန်ပါတယ် ဌာနမှုး ကျွန်တော် နည်းနည်းနောက်ကျသွားတယ် *

* အင်း ထိုင်တော့လေ *

အစည်းအဝေးခန်းထဲဝင်ဝင်ခြင်း သူ့ကိုစောင့်နေကြတဲ့  အရာရှိများနဲ့
ဌာနမှုးတို့ကြောင့် ရိပေါ်အားနာရသည်။

* ကျွန်တော် ဒီနေ့အားလုံးကိုအစည်းအဝေး
ခေါ်လိုက်ရတဲ့အကြောင်းအရင်းက ဒီမှာပါ *

* ဝါးးး *

* လှလိုက်တာ *

* တော်တော်တောင်ရှေးကျနေပြီဘဲ *

Power point နဲ့ပြလာသော ရှေးဟောင်းကျောက်စိမ်းဗုဒ္ဓရုပ်ထုအား မြင်ပြီး အခန်းထဲရှိလူအားလုံး ဆူဆူညံညံဖြစ်သွားသည်။

ရိပေါ်လည်း ထိုကျောက်စိမ်းရုပ်အားမြင်မြင်ချင်း အံ့ဩသွားရတယ်။ ဘာကြောင့်ဆို
ဒီလိုရုပ်ထုမျိုးက ၁၀ နစ်မှာ တစ်ခါတောင်တွေ့ရခဲတဲ့ အင်မတန်ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းဖြစ်နေလို့ဘဲ...။

* အားလုံးပဲ သိကြမှာပါ ဒီလိုရှေးဟောင်းရုပ်ထုမျိုးက ဘယ်လောက်တောင်ရှားပါးလည်းဆိုတာ
အဲတော့ ကျွန်တော်ပြောချင်တာက ဒီရှေးဟောင်းရုပ်ထုဟာ ကျွန်တော်တို့နိုင်ငံရဲ့
အမွေအနှစ်ဖြစ်အောင်လုပ်ရမယ် *

* ရုပ်ထုကဘယ်မှာသွားယူရမှာလည်း
ဌာနမှုး *

* မြန်မာနိုင်ငံ ရှမ်းပြည်​နယ်
ဝ လူမျိုးစုဆီမှာ
အားလုံးသိကြတဲ့အတိုင်း
ဝ လူမျိုးစုဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့နယ်မြေ ပြီးတော့ တစ်မြေလုံးက ကျွန်တော်တို့လူမျိုးတွေကြီးဘဲ အဲတာကြောင့် အဲနယ်မှာထွက်တဲ့ ရှေ့ဟောင်းရုပ်ထုမှန်သမျှကျွန်တော်တို့နဲ့
သက်ဆိုင်တယ် *

* နိုင်ငံတော်ဘက်ကရောလက်ခံပါ့မလား *

* အင်း မေးခွန်းကောင်းတယ်
အားလုံးစိတ်ပူစရာမရှိအောင် နိုင်ငံအကြီးပိုင်းတွေကတာဝန်ယူပါလိမ့်မယ် အရာရှိတို့ဘက်ကသာ အဲပစ္စည်းကို မှောင်ခိုသမားတွေရဲ့ လက်ထဲမရောက်အောင် အပါယူလာပေးရမယ် ဘယ်လိုလည်း သဘောတူကြလား *

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now