( ၁ )

797 23 0
                                    

ရှောင်းကျန်ဟာ
စာရေးဆရာဖြစ်တဲ့အတွက်
အရာရာကို စိတ်ကူးယဥ်ဆန်ဆန် လုပ်ရတာကိုကြိုက်တယ်...။ ဘယ်လောက်ထိ
စိတ်ကူးယဥ်ဆန်သလဲဆို
ထမင်းစားတာ၊ ရေချိုးတာ၊
အိပ်တာ၊ စသဖြင့်
တနေ့တာလုပ်ငန်းစဥ်တွေအားလုံး စိတ်ကူးယဥ်ဆန်ဆန် ကျော်ဖြတ်လေ့ရှိတယ်။

ရေးသမျှဝတ္ထုတိုင်းဟာ
စိတ်ကူးယဥ်ဆန်ပြီး စိတ်ဝင်စားဖို့ကောင်းတာကြောင့်
စာရေးဆရာလေးရှောင်းကျန့်ဟာ
လူငယ်တွေကြားထဲ
ပိုပြီးရေပန်းစားတယ်....။

အခုဆိုရင်ရှောင်းကျန့်က
တရုတ်နိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက်
ဖြစ်လာရုံသာမက
ရှောင်းကျန့်ရဲ့ ချောမောလှပတဲ့ရုပ်ရည်ကြောင့် မိန်းကလေးအများစုကပိုပြီး သဘောကျကြတယ်...။

တစ်ခါတစ်လေဆို..
အနုပညာရှင်လောက ကပါစိတ်ဝင်စားလာကြပြီး..။
ရှောင်းကျန့်ကိုရုပ်ရှင်ရိုက်ဖို့
ကမ်းလမ်းလာလေ့ရှိတယ်....။
_________________

magazine
တိုက်တစ်ခုက ဝတ္ထုရှည်တစ်ပုဒ် ကမ်းလှမ်းထားတဲ့အတွက်
ရှောင်းကျန့်က စိတ်ကူးယဥ်ဆန်ဆန်ရေးမယ်လို့
စိတ်ကူးထားတယ်။ ဒါပေမယ့် ပြသနာတစ်ခုက စိတ်ကူးယဥ်ဆန်လို့မရတာဘဲ တရုတ်သမိုင်းကိုအခြေခံရမှာဖြစ်ပြီး
နန်းတွင်းကိုမှ သက်မယ်
ဖြတ်မယ် နန်းလုမယ် အဲသလိုပုံစံမျိုးကိုရေးရမှာမို့
စိတ်ကူးယဥ်ဆန်ဆန်ရေးတက်တဲ့ ရှောင်းကျန့်အဖို့ အခတ်တွေ့ရသည်။

ဒါတွေရှောင်းကျန့်ကမမူပါဘူး
ဘာလို့ဆို ရှောင်းကျန့်က ဝါရင့်စာရေးဆရာတစ်ယောက်
ဖြစ်နေလို့လေ။

တစ်လဆိုတဲ့အချိန်ကာလအပိုင်းခြားအား ကျော်ဖြတ်ပြီးတဲ့နောက် ရှောင်းကျန့်ရဲ့ဝတ္ထုရှည်လေးဟာ အဆုံးသက်သွားခဲ့တယ်။

ဒီကြားထဲ ရှောင်းကျန့်ကြုံခဲ့ရတဲ့ ပြသနာတွေက အများကြီးဘဲ ကုန်ကြမ်းရှာဖို့အတွက် တစ်ခါမှစိတ်မဝင်စားဖူးတဲ့ သမိုင်းစာအုပ်တွေလည်း
လှန်လှောရတယ်။
ဘုရင်အကြောင်းလေ့လာရတယ်၊ နန်းတွင်းအခေါ်ဝေါ်တွေမသိတဲ့ ရှောင်းကျန့်အဖို့ နန်းတွင်းကားကြည့်ရတာလည်းအမော၊
အဆိုးဆုံးကတော့ အိမ်အောက်ထပ်က အသစ်ပြောင်းလာတဲ့ အချိုးမပြေတဲ့အိမ်ငှားကြောင့် ရှောင်းကျန့်မှာနေ့တိုင်း
ခေါင်းရှုပ်နေရတယ်။

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now