ရီပေါ်ဆေးရုံကိုရောက်တာနဲ့ ရှောင်းကျန့်ရှိတဲ့အခန်းအား ခပ်မြန်မြန်ပြေးသွားလိုက်သည်။
တံခါးရှေ့ရောက်တော့ မိမိခြေလှမ်းများအားရပ်ကာ မှန်လေးအတွင်းကနေရှောင်းကျန့်ရဲ့ အခြေအနေကိုခနကြည့်နေလိုက်တယ်။ဆရာဝင်စမ်းသပ်ပေးနေတာကို
ငြိမ်ငြိမ်လေးခံယူနေတဲ့ရှောင်းကျန့်က
လိမ်မာတဲ့ကြောင်ပေါက်လေးလို...။
တစ်စက်တည်းတွေးမိလိုက်တာက ရှောင်းကျန့်သူ့ကိုမှတ်မိပါ့မလား။ ဆရာဝင်ပြောသလို အတိတ်မေ့သွားရင်...။* လူနာရှင်ထင်တယ် ဝင်သွားလိုက်ပါ *
အခန်းထဲကထွက်လာတဲ့ဆရာဝန်ရဲ့ စကားကြားမှ ရိပေါ် လက်ရှိကိုပြန်ရောက်လာတယ်။
အခန်းတံခါးလေးအား အသာအယာ ဆွဲဖွင့်လိုက်တော့ သူ့ကိုအထူးအဆန်း ကြည့်နေတဲ့ရှောင်းကျန့် ..။
ဟုတ်မှာပေါ့ ရှောင်းကျန့်မှသူ့ကို မမှတ်မိတော့တာ* ဝမ်ရိပေါ်! *
ရုတ်တရက်ခေါ်လိုက်တဲ့ ရှောင်းကျန့်ကြောင့်
ရိပေါ်ရဲ့ရှောင်းကျန့် ကုတင်နားလျှောက်သွားနေတဲ့ ခြေလှမ်းများရပ်သွားပြီး ရှောင်းကျန့်ကိုကြောင်ကြည့်နေမိသည်။ အခုရှောင်းကျန့်ကသူ့နာမည်ကို ခေါ်လိုက်တာလား
ဒါဆိုရှောင်းကျန့်က.....* ဝမ်ရိပေါ် ဘာရပ်လုပ်နေတာလည်း
ဒီကိုလာခဲ့လေ *ရှောင်းကျန့်မိမိကိုကြောင်အစွာ
ရပ်ကြည့်နေတဲ့ဝမ်ရိပေါ်အား
အနားလာခဲ့ရန်ပြောလိုက်တယ်။ ဝင်လာကတည်းက
တစ်ခုခုကိုစိုးရိမ်နေတဲ့
မျတ်ဝန်းတွေနဲ့
သူ့ကိုငေးကြည့်နေတဲ့
ဒီကောင်လေးကိုသူမှတ်မိပါသည်။
ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း
အံ့သြရတယ် ကိုယ့်နာမည်၊ ကိုယ့်အကြောင်းဘာတစ်ခုမှ
မမှတ်မိတဲ့ ကျွန်တော်က
အတူတူနေတဲ့ အိမ်ငှား ဝမ်ရိပေါ်ကိုတော့မှတ်မိပါသည်။* ရှောင်း .. ရှောင်းကျန့် ကျွန်တော်ကိုမှတ်မိတာလား
ကျွန်တော်က ခများရဲ့အိမ်မှာ ငှားနေတဲ့ကောင်လေးလေ ခများမှတ်မိတယ်မလား *ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တယ်။
* ဒါ ဒါဆို ခများက အတိတ်မေ့သွားတာမဟုတ်ဘူးပေါ့ *
YOU ARE READING
ချစ်တယ်ဆိုတာထက်......( Complete)
Fanfiction* ရှောင်းကျန့် ခများခံစားမိရဲ့လား လေပြေလေးတွေကတစ်ဆင့် သယ်ဆောင်လာတဲ့ ကျွန်တော်ရဲ့ ချစ်ခြင်းသံစဥ်တွေကို ခများကြားရလား * ဝမ်ရိပေါ် * မသိဘူး ဒါပေမယ့် မင်းရင်ထဲကထွက်ပေါ်လာတဲ့ ငါ့ကိုဘယ်လောက်ချစ်ကြောင်း ပြောနေတာတော့ကြားရတယ် * ရှောင်းကျန့်