( ၁၂ )

151 8 0
                                    

တစ်ပတ်လုံးပျော်ခဲ့ရတဲ့ရှောင်းကျန့်ရဲ့
စိတ်အခြေအနေက ဒီနေ့တော့ ကွက်ကြားမိုးရွာနေသလိုဘဲ
ညကတည်းက တွေးရင်းနဲ့ အိပ်လို့မရတာကြောင့်လည်း
မနတ်မိုးလင်းထိ စိတ်ပြေလိုပြေငြား
ဝရံတာထွက်ကာ ကိုယ်ရေးခဲ့တဲ့စာအုပ်ကိုသာ
ဖတ်နေလိုက်သည်။

မနတ်စောစောခေါင်းမကြည်မလင်
ဖြစ်နေတာကြောင့် အစားလည်းမစားချင်ပေ။
ဖြစ်နိုင်ရင် ဒီနေ့ရောမနတ်ဖြန်ပါ
အိမ်အောက်ထပ် မဆင်းရရင်ကောင်းမယ်။

ဂွီ!!

* ဟင်းး *

ပုံမှန်အချတ်ပြလာတဲ့ အစာအိမ်ကြောင့်
အောက်ထပ်ကိုမဆင်းချင်လည်း
ဆင်းရပေဦးမည်။

* နိုးပြီလား ကျွန်တော်ခများကိုစောင့်နေတာ *

ဗိုက်ဆာလို့ထမင်းစားခန်းထဲတန်းဝင်ကာမှ
ကြိုစောင့်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရဲ့ခြေလှမ်းများတန့်သွားသည်။

* တစ်ခုခုဖြစ်နေတာလား *

အခုချိန်ထိတံခါးပေါက်မှာ ရပ်နေသေးတဲ့ရှောင်းကျန့်အား
ရိပေါ်အကဲခတ်ကြည့်လိုက်တော့
မျက်နှာသိပ်မလန်းတာကြောင့်
မေးလိုက်တော့ ခေါင်းခါပြကာ
စားပွဲနားလျှောက်လာပြီး သူ့ကိုအတန်ကြာကြည့်နေပြန်တယ်။

* ဟင်းးး *

သက်ပျင်းချကာခုံမှာဝင်ထိုင်လိုက်တဲ့
ရှောင်းကျန့်က အခုချိန်ထိ ဘာစကားမှ
ပြောမလာလို့....

* ခများအဆင်ပြေရဲ့လား *

* အင်း ငါအဆင်ပြေသွားမှာ *

အမေးနဲ့အဖြေကသိပ်မကိုက်ပေမယ့်
ရိပေါ်ဘာမှဆတ်မမေးတော့ဘဲ
ရှောင်းကျန့်အတွက်မနတ်စာအား ပြင်ပေးလိုက်သည်။

* ကျွန်တော် ဒီနေ့လိုအပ်တာလေးတွေ သွားဝယ်မလို့ ခများလိုက်ခဲ့ချင်လား *

* အင်း *

တိတ်ဆိတ်သွားတဲ့အခန်းလေးရဲ့လေထုကသိပ်အထီးကျန်ဖို့ကောင်းတယ် တစ်စုံတစ်ယောက်ရဲ့
ဝမ်းနည်းခြင်းနဲ့လည်း သက်ဆိုင်နေတာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့။
_____________________________

ရှောင်းကျန့် ပြင်ဆင်ပြီးတာနဲ့
အောက်ထပ်
ပြန်ဆင်းလာတော့
ရိပေါ်ကိုမတွေ့တာနဲ့
အိမ်ရှေ့ကိုဘဲထွက်လာခဲ့လိုက်တယ်။

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now