( ၂၁ - ဇာတ်သိမ်းပိုင်း )

330 12 0
                                    

ညနက်တဲ့အထိ ဝရံတာထွက်ကာ
နှစ်ယောက်အတူကြယ်ကြည့်လိုက်မိတဲ့
အကျိုးဆတ်က မနတ်ဘက်ခေါင်းမထောင်နိုင်အောင် အိပ်ချင်တာဘဲ...။

ရှောင်းကျန့် ပြင်ဆင်ပြီးအိမ်အောက်ဆင်းခဲ့တာတောင် မနတ် ၁၀ နာရီရှိပြီ...။ ဗိုက်ကလည်းဆာနေတာကြောင့်
ရေခဲသတ္တာထဲက ပန်းသီးတစ်လုံးအားယူပြီး ခြံထဲဆင်းလာလိုက်တယ်....

* ကောကော!!! *

* သျှားမေ ဘယ်လိုရောက်တာလည်း *

ခြံထဲလမ်းလျှောက်နေရင်း အပေါက်ဝက
လှမ်းခေါ်နေတဲ့သူကိုကြည့်တော့
သျှားမေဖြစ်နေတာကြောင့် အပြေးအလွှားဖွင့်ပေးလိုက်ရာ ...

* ကောကောကိုလွမ်းနေတာ *

ရုတ်တရက်ပွေ့ဖတ်လိုက်တာကြောင့် ရှောင်းကျန့်ကြောင်အနေမိတယ်...
အသိပြန်ဝင်လာချိန်မှာတော့
သျှားမေရဲ့ခေါင်းလေးအားကြောင်ပေါက်လေးလို ပွတ်သပ်ပေးလိုက်ပြီး......

* လာလည်တာမဟုတ်ဘူး *

* အမလေး သျှားကလာချင်ပါတယ်နော်  အရာရှိဝမ်ကသာ ...*

* ငါကဘာဖြစ်လို့လည်း *

အနောက်ကကြားလိုက်ရတဲ့ အသံကြောင့်
နှစ်ယောက်သားလှည့်ကြည့်ရာ အိပ်မှုံစုတ်ဖွားဖြစ်နေတဲ့ရိပေါ်ကိုဖြစ်နေတာကြောင့် နှစ်ယောက်လုံးရယ်မိတယ်..။

* ဘာရယ်တာလည်း *

ရိပေါ်နည်းနည်းတော့စိတ်ဆိုးချင်မိတယ်...။
ညကကြယ်ကြည့်ချင်တယ်ဆိုလို့ တစ်ညလုံးထိုင်ကြည့်မိလိုက်တာ
မနတ်အိပ်ယာမထနိုင်တဲ့အထိဘဲ...
အခုနိုးလာတော့လည်း ရှောင်းကျန့်အတွက်ဆိုပြီး စားဖို့
တစ်ခုခုပြင်ပေးမယ်ဆိုပြီး...
ထမင်းစားခန်းထဲအလာ ခြံရှေ့ကအရိပ်လေးနှစ်ခုကြောင့်...
သိချင်လို့ သွားကြည့်တော့မှ
ရှောင်းကျန့်နဲ့ သျှားမေဖြစ်နေတယ်...။
နှစ်ယောက်သားပွေ့ဖတ်ပြီး အပြုံးကိုယ်စီနဲ့
စကားတွေပြောနေလိုက်ကြတာ
ရိပေါ်တစ်ယောက်လုံး အနောက်မှာရပ်နေတာကို
မမြင်နိုင်တဲ့အထိ...။

* အရာရှိဝမ် အခုမှနိုးတာလား  ဟိဟိ *

* ငါ့လာမလှောင်နဲ့
ရှောင်းကျန့် အိမ်ထဲဝင် မျတ်နှာဖြစ်ပျတ်မနေနဲ့ ညည်းလည်းပါတယ် နေ့လည်စာစားပြီးမှပြန် *

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now