( ၁၄ )

141 8 0
                                    

ရိပေါ်နဲ့ယုလန်တို့နှစ်ဖွဲ့လုံး မြန်မာနိုင်ငံမှာသောင်တင်နေတာ
ဒီနေ့နဲ့ဆိုတစ်ပတ်လောက်ရှိပြီ။
အခုချိန်ထိ အဖြူအမဲမသိရသေးတဲ့
ရှေးဟောင်းကျောက်စိမ်းဗုဒ္ဓရုပ်ထုကိုလည်း
စောင့်နေရတာ သုတေသီတစ်ဖွဲ့သားလုံး
စိတ်မရှည်တော့ဘူး။
တစ်ကယ်လို့ ဒီနေ့မှမရရင် တရုတ်ကို
အကျိုးအကြောင်းပြောပြမယ်လို့ အားလုံးစိတ်ကူးထားတယ်။

* အရာရှိဝမ် ဒီကိစ္စကိုဘယ်လိုထင်လည်း *

အစမရှိအဆုံးမရှိမေးလာတဲ့ ယုလန်ရဲ့စကားကို သာမန်လူတွေသဘောမပေါက်ကြပေမယ့်
သူ့တို့လို တစ်သွေးတစ်သားထဲ အိမ်မတ်နောက်လိုက်နေကြတဲ့ သူတွေကတော့ သဘောပေါက်ကြတယ်....

* ကျွန်တော်မပြောတက်ဘူး ဒီရုပ်ထုကတစ်ကယ်ကောရှိရဲ့လား
ဒါမှမဟုတ် နိုင်ငံရေးလှည့်ကွတ်တစ်ခုအနေနဲ့လား
တော်တော်ခက်မှန်းရခတ်တယ် *

ဒေါက်ဒေါက်!!

* တစ်ယောက်ယောက်ထင်တယ်
ခနလေးနော် *

အပြင်ကတံခါးခေါက်သံကြောင့်
အရာရှိငယ်တစ်ယောက်
တံခါးဖွင့်ပေးလိုက်တော့....

* အရာရှိတို့နှစ်ယောက်ကို အကြီးအကဲ
ခေါ်ခိုင်းလိုက်လို့ပါ *

ရိပေါ်နဲ့ယုလန်တို့တစ်ယောက် မျတ်နှာတစ်ယောက်ကြည့်လိုက်ကြပြီး

* ကောင်းပါပြီ *

ရိပေါ်တို့အခုနေလာတာကြာပေမယ့် မိုးဇက်ကလွဲပြီးကျန်တဲ့သူသိပ်မသိပေ။
မိုးဇက်တောင်မှ လေဆိပ်ကိုလာကြိုတာရော
နေရမည့်အခန်းလိုက်ပြတာရော စတာတွေကြောင့်နည်းနည်း ရင်းနှီးတာဖြစ်သည်။

* အကြီးအကဲ *

ရိပေါ်တို့နှစ်ယောက်လုံး အကြီးအကဲဆိုသူအားဂါရဝ
ပြုလိုက်ကြပြီး ပြင်ပေးထားတဲ့ခုံမှာ
အသီးသီးဝင်ထိုင်လိုက်ကြသည်။

* မိုးဇက် *

* ဟုတ်ကဲ့ အကြီးအကဲ *

တစ်ခုခုယူခိုင်းလိုက်ပုံရတဲ့ အကြီးအကဲကြောင့်
မိုးဇက်အနားကထွက်သွားတာကို
သူတို့နှစ်ယောက်လုံး နားမလည်ဟန်ဖြင့်ကြည့်နေကြတယ်။

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now