( ၁၇ )

155 5 0
                                    

သျှားမေပြန်သွားကတည်းက
ရှောင်းကျန့်လည်း လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်။

* အ့ *

မနတ်စာအရွက်သုပ်ပြင်ဆင်နေရင်း
လက်အားဓါးရှသွားသဖြင့် ရှောင်းကျန့် ဘေစင်အမြန်သွားလိုက်ပြီး လက်အားဆေးလိုက်တယ်...

* စဥ့်နှီးတုံးမှာသွေးတွေပါလား ရှောင်းကျန့် ခများဘာဖြစ်တာလည်း *

* ဓါးရှသွားရုံပါ ဘာမှမဖြစ်ဘူး *

* ဘာကိုဘာမှမဖြစ်ရမှာလည်း အဲမှာသွေးတွေထွက်နေတယ်လေ
ခများမမြင်ဘူးလား*

* ငါ့လာမအော်နဲ့ ငါဘာဖြစ်ဖြစ်မင်းနဲ့မဆိုင်ဘူး *

အစကတည်းကစိတ်အခြေအနေမကောင်းတာကြောင့်လည်း ရှောင်းကျန့် အခုလိုအပြစ်တင်သလိုပြောခံရတော့ ရိပေါ်ကိုနည်းနည်းစိတ်ဆိုးမိတယ်။
ဝမ်းလည်းနည်းရတယ်..

* ဒါကဘယ်သွားမလို့လည်း လက်ကိုဆေးမထည့်တော့ဘူးလား *

* ထည့်ချင်စိတ်မရှိဘူး *

* ကျွန်တော်လုပ်ပေးမယ် *

ရိပေါ် စိတ်မရှည်တော့နဲ့ ရှောင်းကျန့်ရဲ့လက်အားဆွဲပြီး ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်တယ်..
ပြီးနောက် အခန်းထဲက ဆေးသတ္တာအား
သွားယူလိုက်ပြီး ပြန်လာတော့
ရှောင်းကျန့်ကနေရာမှာ မရှိတော့တာကြောင့်...

* ရှောင်းကျန့် ခများဘယ်မှာလည်း *

* ရှောင်းကျန့် *

* ရှောင်းကျန့်!*

ဘယ်လောက်ခေါ်ခေါ်
ပြန်မထူးတာကြောင့် ရိပေါ်လည်းဆတ်မခေါ်တော့ဘဲ
ရှောင်းကျန့်လုပ်လို့မပြီးသေးတဲ့
အရွတ်သုပ်ကိုသာ ဆက်လုပ်လိုက်တယ်..

* ခများသိပ်ခေါင်းမာတာဘဲ *

အားလုံးလုပ်ပြီးသွားတော့ နာရီကြည့်လိုက်တော့ နေ့လည်စာစားချိန်ရောက်နေတာကြောင့် ရှောင်းကျန့်ကိုခေါ်ရန် အိမ်ပေါ်ထပ်တက်လာခဲ့တယ်...

* ကျွန်တော်ဝင်လာပြီနော် *

တံခါးအားစေ့ရုံလေးစေ့ထားတာဖြစ်လို့
ရိပေါ်အသံပေးပြီး ဝင်လာလိုက်တော့
စာရေးစားပွဲမှာအိပ်ပျော်နေတဲ့ ရှောင်းကျန့်

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now