( ၁၆ )

159 7 0
                                    

သျှားမေအခုအရာရှိဝမ်ရဲ့အိမ်ကို သွားနေတာဖြစ်တယ်... အကြောင်းပြချက်ကလား ..  အင်း ဒီလိုပါဘဲ အချစ်ဆုံးကြီးကို မတွေ့တာကြာလို့
လွမ်းလို့လိုက်လာရတယ်ဆိုပါစို့...။

တီတောင်!!

* ဘယ်သူလာပြန်ပြီလည်း *

ရိပေါ်အတွက် မနတ်စာပြင်ပေးနေရင်း
အိမ်ရှေ့ကဘဲလ်နှိပ်သံကြားလို့ ဝတ်ထားတဲ့
Apron အားချွတ်ပြီး ဘေစင်ပေါ်တွင်
တင်ထားလိုက်တယ်။
ပြီးနောက် အိမ်ရှေ့ထွက်လာလိုက်ကာ တံခါးဖွင့်ပေးလိုက်တော့ အသားဖြူဖြူလေးကိုမှ
အနီရောင်ဂါဝန်လေးဝတ်ထားတဲ့
မိန်းကလေး...။လက်ထဲမှာလည်း
အထုပ်ကြီးအထုပ်ငယ်နဲ့...

* ရှောင်းကျန့် ဘယ်သူလာတာလည်း ကျင်းသျှားမေ !! *

ရိပေါ်အိမ်ရှေ့ထွက်လာတော့ တံခါးဝမှာရှောင်းကျန့်နဲ့အတူ
ရပ်နေတဲ့လူတစ်ယောက်ကို
တွေ့လို့ ဘယ်သူလည်း သိချင်လို့သွားကြည့်ရာ
ကျင်းသျှားမေဖြစ်နေတာကြောင့်
နည်းနည်းအံ့သြသွားတယ်...။

* ရှောင်းကျန့် ရှင်ကရှောင်းကျန့်လား *

* ဟုတ်ပါတယ်
ဘာကိစ္စရှိလို့လည်းမသိဘူး *

* တစ် တစ်ကယ်ကြီးရှောင်းကျန့်ဘဲ
အားးးးးးး!!! ကောကော တွေ့ရတာဝမ်းသာပါတယ် သျှားက
ကောကောရဲ့ fan ပါ ကောကောရေးတဲ့စာအုပ်တွေအကုန်လုံး
သျှားဖတ်တယ်သိလား ကောကောကို
မမှတ်မိရတာလဲလေ ကောကောက magazine တွေထဲမှာထက် အပြင်ကပိုချောနေလို့ပါ ပြီးတော့...အမလေးမောလိုက်တာ အရာရှိဝမ် သျှားကိုရေတစ်ခွတ်လောက် *

ကောကောချင်းထပ်နေအောင် ရေပတ်မဝင်ပြောသွားတဲ့ သျှားမေးကနောက်ဆုံးမောသွားဟန်
ရိပေါ်ကိုတောင် ရေခပ်ခိုင်းလိုက်သေးတယ်။

* ဒါနဲ့ မင်းငါ့အိမ်ကိုဘယ်လိုသိတာလည်း *

* အိုးး အရာရှိရယ် ကိုယ့်အချစ်ဆုံးအိမ်မှမသိရင် သျှားကရူးနေတာဘဲဖြစ်ရမယ် ဟဲဟဲ *

* အချစ်ဆုံး?? *

ရှောင်းကျန့်အခုချိန်ထိဘာတစ်ခုမှ နားမလည်သေးပေ..။
ဒီမိန်းကလေးကဘယ်သူလည်း
ပြီးတော့ ရိပေါ်နဲ့ ဘယ်လိုပတ်သက်တာလည်း...

ချစ်တယ်ဆိုတာထက်......( Complete) Where stories live. Discover now