1 🤫

2.8K 166 18
                                    

မိုးရေစက်တွေကြား အေးစက်စက်အကြည့်နဲ့ ထိုလူသားက ကျွန်တော့်ရဲ့ Jeonမှ ဟုတ်ပါရဲ့လား..

"Jeon အာ့"
ရွံ့ မြေပြင်မှ သွေးစများရဲ‌ရဲနီနေတဲ့‌ ခြေဖဝါးများကင်းလွတ်သွားသည်အထိ ကျွန်တော့်ရဲ့လည်ပင်းကိုJeonက သန်မာရက်စက်တဲ့လက်တစ်ဖက်တည်းဖြင့်ဖိညှစ်ထားသည်။
ထိုစိမ်းစိမ်းကားကားအကြည့်စူးတွေကိုကျွန်တော်မခံစားနိုင်ပါ။ ကျွန်တော့်ရင်ကိုသွေးစိမ်းရှင်ရှင်ခွဲလိုက်သလိုပါပဲ။ကျွန်တော့်မျက်ရည်များမိုးရည်စက်များနဲ့အတူ ကျဆင်းလို့ နေသည်။ လေပေါ် မြောက်သထက်မြောက်လာလျက် ကျွန်တော်အသက်ရှူသံမမှန်တော့သည်အထိပင်။

နှုတ်မှဖွင့်ဟအော်ဟစ်ခွင့်အခြေအနေတောင်မပေးဘဲ
"Yarrrrrr"
Jungkookရိုင်းပျခက်ထန်မှုအပြည့် ကြွေးကြော်အော်ဟစ်သံနဲ့အတူ Taehyung ကိုယ်ငယ်လေးအား လေပေါ် လွှင့်ပစ်လိုက်သည်။
ပြင်းထန်တဲ့အရှိန်ကြောင့်သစ်ပင်ဖြင့်ရိုက်မိပြီးTaehyung အေးစက်နေတဲ့မြေပြင်ပေါ်ပြုတ်ကျသွားသည်။
မိုးပေါက်များက Taehyung ရဲ့သွေးများအိုင်ထွန်းနေတဲ့ ခန္ဓာကိုယ်ပေါ်ရွာသွန်းလျက် ထပ်တူဝမ်းနည်းကြောင်းအသိအမှတ်ပြုနေကြသည်။

ကျွန်တော်ချစ်တဲ့မိုးရာသီ၊ကျွန်တော်ချစ်တဲ့‌ သဘာဝတရားတွေနဲ့ ပြည့်နှက်နေတဲ့မြို့လေး၊ ကျွန်တော်ချစ်တဲ့လယ်ကွင်းပြင်ကြီးရဲ့နံဘေးမှာ အခုလို ကျွန်တော့်ဘဝရဲ့နောက်ဆုံးခရီး ဖြစ်လိမ့်မယ်လို့တစက်ကလေးမှမတွေးခဲ့ဖူးပါ...အထူးသဖြင့် ကျွန်တော်အချစ်ဆုံးလူကြောင့်ပေါ့
မင်းကိုချစ်ခဲ့မိလို့နောင်တရမှာမဟုတ်ဘူးJeon

.............🌻

"အား ကျွတ်စ်ကျွတ်စ် "

"ဟဲ့အမလေး သေချာကြည့်လျှောက်စမ်းပါဒီအရွယ်ရောက်နေပြီ လမ်းသွားရင်ခလုတ်တိုက်တုန်း"
ဘေးဘက်ကြည့်မိတော့နွယ်ပင်တွေဝန်းရံနေတဲ့ အိမ်တော်ကြီးကကျောချမ်းစရာကောင်းလှသည်။

"ငါတို့ အမြန်သွားကြရအောင် နင်ချော်လဲတာ သဘောရိုးမဟုတ်ဘူး လာလာပြေးကြရအောင်"

"ဟေ ဘာလို့လဲ"

"ငါတို့ ဟိုအိမ်ကြီးရှေ့ရောက်နေတာလေ "

Top SecretWhere stories live. Discover now