6 🤫

1K 128 10
                                    

ရွှန်းစိုအိထွေးနေတဲ့ နှုတ်ခမ်းပါးလွှာလေးတို့ထိကပ်နေရာမှ ခွာလိုက်တဲ့အခါ ထိုလူသားလေးက ပါးမို့မို့လေးများ နီရဲနေပြီးရှက်နေသည်ထင် ခေါင်းငုံ့ထားသည်။

" Sorry ကျွန်.. ကျွန်တော် "
ရှက်နေလိုက်တာများစကားတွေ တောင်ထစ်နေတဲ့ကောင်လေးရယ်ပါ

Jungkook အိတ်ကပ်ထဲမှ ဝက်ဝံရုပ်သော့ချိတ်လေးကို ထုတ်ပြီး
"Honey အတွက် ကိုယ့်ချစ်သက်လက်ဆောင်" Taehyung မျက်လုံးလေးများ လက်ခနဲ ဖြစ်သွားသည်ကို Jungkook ပြုံးရင်း သတိထားမိသည်။

ချည်ထိုးဝက်ဝံရုပ်ပိစိ သေးသေးလေးကို လှုပ်ရမ်းပြနေတဲ့ Jungkookရဲ့အပြုံးခပ်ရေးရေး လေးက အတော် လေးချစ်ဖို့ကောင်းသည်။
ထိုဝက်ဝံရုပ်လေးထက်ပင် မျက်စိရှေ့က ထိုလူကို ပိုအသဲတယားဖြစ်မိသည်။

"အယ် ချစ်စရာလေးကိုယ်တိုင်ထိုးထားတာလား"
Taehyung သော့ချိတ်လေးကိုဆွဲယူလိုက်ပြီး ဝက်ဝံညိုလေးကို လှည့်ပတ်တို့ထိကြည့်သည်။ ချည်သားတို့အကြားအလပ်အ‌ပေါက်တို့ပင်မရှိအသေးစိတ်ထိုးထားသည်မို့ အတော်လေးလက်ရာမြောက်သည်။
"အင်း Honeyရဲ့ကိုယ်ပွားလေးလေ "
"ကျွန်တော့်ကို ဝက်ဝံညိုလေးလို့ပြောတာလား"
Jungkook ခပ်ရေးရေးလေးပြုံးကာ Taehyung ရဲ့ဆံနွယ်လေးတွေကို ထိုးဖွပြီး
"Honey မင်းကကိုယ်တစ်ဦးတည်းရဲ့ဝက်ဝံညိုလေးဖြစ် ပေးနိုင်မလား။"

Taehyungပြန်မဖြေဘဲ မြေပြင်ကိုသာ ခေါင်းစိုက်ကြည့် နေသည်။

" ဒါလေးလက်ဆောင်ပေးချင်လို့ ထွက်လာခိုင်းတာ။
အစကပေးမလို့ပဲ အဟမ်း ဟောဒီက အရင် နမ်းလို့ .. ခုမှပေးဖြစ်တယ်"
Taehyung မျက်နှာလေး ပိုလို့ရဲတက်လာပြီး လက်ညှိုးတို့မှာလည်း တဖက်နှင့်တဖက်လိမ်ယှက်နေသည်။

"အဲ့ဒါ ကျွန်တော် စိတ်လွတ်သွားလို့ တောင်းပန်ပါတယ်"

"ရပါတယ် Honeyရဲ့ တောင်းပန်စရာလား ကိုယ့်အတွက်တော့သိပ်ကောင်းတဲ့အမှတ်တရပါပဲ။
ဒါနဲ့ ပထမဆုံးအနမ်းလားဟင် "

Hmm သူဘယ်လိုသိတာလဲ။ Hoseok Hyung နဲ့တောင်ခုလို စိတ်လွတ်ကိုယ်လွတ်တခါမှ မဖြစ်ဖူးဘူး။Hyungကလည်း ပတ်ဝန်းကျင်အမြင်ကိုအမြဲဂရုစိုက်သူဖြစ်ပြီး  ရှေ့နေပီပီအနေအေးသူဖြစ်တာကြောင့်ကျွန်တော့်အပေါ် နမ်းရှုံ့ခြင်းမျိုးမလုပ်တတ်ဘဲ လက်ထပ်ပြီးမှသာအားရပါးရ တဝကြီးနမ်းမည်ဖြစ်ကြောင်းခဏခဏပြောရှာသည်။

Top SecretWhere stories live. Discover now