"Morning Yoongi Hyung
အခုတလော ရုံးမှာသိပ်မတွေ့ရဘူး။
အမှုလိုက်နေရတာလား။ "
ရုံးရဲ့အဝင်အဝမှာတိုက်တိုက်ဆိုင်ဆိုင်တွေ့ရတဲ့ Hyung ကို Hoseok နှုတ်ဆက်လိုက်သည်။မပွင့်တပွင့်မျက်ဝန်းများနှင့်အတူအိပ်ချင်မူးတူးမျက်နှာနှင့် Yoongi Hyung က စိတ်ပျက်အားလျော်စွာ
"Daeguဘက်က အမှုတစ်ခုကြောင့်ပါကွာ
တရားခံကဘဲဥအစရှာမရဘူး""Daegu" Taeရောက်နေတာပဲ
Hoseokလည်းTaeကိုသတိရမိရင်း
"Daeguဆို တော့ မဟုတ်မှ
Yugasa Temple ရှိတဲ့ မြို့ဘက်လားHyung""အေး ဟုတ်တယ် အဲ့ဘက်ကလူပျောက်မှုတွေမင်းလည်းသိတာလား "
"ဗျာ လူပျောက်မှု"
"အေးလေအဲ့မြို့မှာ တစ်လတခါလူတွေပျောက်တာရော ။ရုပ်ပျက်ဆင်းပျက်လူ သေအလောင်း တွေ ရှာတွေ့တာရော ခရိုင်ရုံးထိတိုင်ကြားစာတွေတန်းစီနေတာကွာ။ အခုနောက်ပိုင်း တော့သိပ်မတိုင်တန်းကြတော့ဘူး တိုင်စာပို့တဲ့သူတွေပါပျောက်ကုန်လို့လေ"
Hoseok နဖူးပြင်မှာ ချွေးများစို့ကာ ခေါင်းနပန်းကြီးသွားသည်။
"Hyung, Taeက အဲ့မြို့ရောက်နေတယ် "
"Hmm သူတစ်ယောက်တည်းလား။ အဲ့ကိုဘာလို့လွှတ်လိုက်တာလဲကွာ "
"ကျွန်တော်သူ့ကို ပြန်ခေါ်မယ် ဒါပေမဲ့သူကခေါင်းမာတယ် Hyungကျွန်တော်သွားပြီနော်။"
ချက်ချင်းကမန်းကတန်းကောက်ထွက်သွားပုံအရTaehyungဆီဆက်သွယ်တော့မည့်ပုံပဲ ...
Hoseokက အေးတိအေးစက်ပေမဲ့
Taehyung ကို အထက်တန်းကျောင်းသားဘဝကတည်းကမျက်စိအောက်ကအပျောက်
မခံ အရမ်းဂရုစိုက်တာ တကျောင်းလုံးအသိပဲလေ...........................................🌻
"ညနေ၅နာရီ နေကြာပန်းခင်းထဲမှာတွေ့ကြရအောင်"
ခြံစည်းရိုးမှာ လက်ကိုင်ပုဝါအဖြူလေးချည်ထားပြန်သည်။ Taehyung ရင်တွေတဒိတ်ဒိတ်ခုန်နေမိသည်။ ထိုလူကအသက်အန္တရာယ်ပေးနိုင်တဲ့သူဆိုရင်လည်း နေ့နေ့ညညသင်္ကာမကင်းနဲ့ နေရမည့်အစားသူစိတ်ရှင်းသွားအောင်ဧကန်မုချသွားတွေ့မည်ပင်...
"Taeဖုန်းကိုင်ပါ ကိုယ်ရင်ပူလှပြီ "
Taehyung ဆီဖုန်းဆက်တိုက်ဆက်တော့လည်းတီတီသာမြည်နေသည်။ ဖုန်းမကိုင်သောကြောင့် Hoseokခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။