3 🤫

1.1K 110 4
                                    

"မလာနဲ့... မလာနဲ့ "

"ဟင်းးးးး"

"အာ့ အာ့ "

"ချွမ် "ချွမ် "
အိမ်ကြီးရဲ့ပြတင်းပေါက်မှ ဖန်ကွဲစများလွင့်စင်လျက်.....

"ဝုန်း"

"အားးးးးးးးးးးးးးးးးးးးး"

"ဟင် ဘာအသံလဲ"
Taehyung အိပ်နေရာမှ
ယောင်္ကျားလေးတစ်ယောက်ရဲ့ စူးရှတဲ့အော်သံနက်နက်ကြီးကြောင့်လန့်နိုးသွားရသည်။

ရင်တွေတုန်ပြီးနှလုံးခုန်သံမြန်‌နေလျက်
"ငါများနားကြားမှားတာလား"
အိမ်အပြင်ဘက်ဝန်ရံတာကိုထွက်ကြည့်တော့လည်း မီးမလာတော့ တလောကလုံးမှောင်မည်းလို့သာနေသည်။
မီးအိမ်လေးကိုင်ကာ Taehyungလည်းပြန်အိပ်ဖို့ လန့်နေသည်မို့
Hoseok Hyungကိုသာ ဖုန်းဆက်ရန် ကြံလိုက်သည်။

ကုတင်ဘေးက ကြိုးဖုန်းကို ရင်ခွင်ထဲထည့်ကာ
"Hyung phoneကိုင်ပါ please"

တဖက်ကအိပ်ချင်မူးတူးအသံဖြင့်
"Taeဒီအချိန်ကြီး ဘာများဖြစ်လို့လဲ"

"Hyungအိပ်နေတာကိုနှောင့်ယှက်မိလို့တောင်းပန်ပါတယ်"
ဖုန်းထဲမှTaeရဲ့အသံကဝမ်းနည်းအားငယ်နေသလိုလို

"ဟော မကြာခင်လက်ထပ်ရတော့မယ့်လူတွေကခုလိုစကားတွေပြောစရာလား"

"အီးဟီး......အီးဟီး....."

"Tae ဘာလို့ငိုနေတာလဲ Hyungစိတ်ပူလာပြီ"

"Taeကြောက်တယ် "

အသံတွေတုန်ရီလျက်ပြောနေတဲ့ Taehyung အသံကြောင့် Hoseok လည်းစိုးရိမ်လျက်
"စိတ်ကိုအေးအေးထား အလုပ်မှာအဆင်မပြေလို့လား Hyung ကိုပြောပြ"

Taehyung အခုမှ သတိရသွားသည်။ သူတစ်ယောက်ထဲခရီးထွက်လာတာ Hoseok Hyung ကိုမပြောရသေးဘဲခိုးထွက်လာခြင်းဖြစ်သည်။
Busanမှာ နေနေတဲ့ Hoseok Hyung ကတော့ သူSeoulမှာမရှိတာခုထိမသိသေးပေ။

"Taeအိမ်မှာ မဟုတ်ဘူး။ဒီနေရာလေးကိုသဘောကျလို့တမင်ရွေးပြီးကျောင်းလျှောက်ထားတာ။transfer ကျလာလို့ ပြောင်းလာတာ Hyung "

"ဘယ်လို Taeဘာတွေလျှောက်လုပ်နေတာလဲ , Seoulကနေပြောင်းမို့လား ။ လက်ထပ်ပြီးရင် Hyungဘက်ကပြောင်းပေးမယ်လို့ပြောထားတယ်လေ"

Top SecretWhere stories live. Discover now