မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးသည် လိုက်ကာစတွေကြားက ဖောက်ထွင်းလျက်Taehyung ရဲ့မျက်နှာလှလှလေးပေါ်ကျရောက်လာသည်။မျက်မှောင်ကြုံ့လျက်ထထိုင်ကာအပြင်းကြောဆွဲဆန့်ပြီးနံရံပေါ်ကနာရီကိုအကြည့်ရောက်သွားလျှင်မနက်၇နာရီထိုးနေပြီဖြစ်သည်။ ဝန်ရံတာကိုထွက်ကာပျင်းကြောဆန့်ရင်းခြံတံခါးကိုကြည့်မိတော့တခုခုချိတ်ထားသလိုတွေ့ရသည်။ညဝတ်အင်္ကျီဖြင့်သာအိမ်အောက်သို့ပြေးဆင်းကာခြံတံခါးဆီအပြေးသွားမိသည်။
"နေကြာပွင့် "
နေကြာပန်းတစ်ပွင့်ကိုအဖြူရောင်လက်ကိုင်ပုဝါလေးဖြင့်ခြံတခါး၌ခေါက်တုတ်ချည်ထားပြီးချိတ်ထားခြင်းဖြစ်သည်။
လက်ကိုင်ပုဝါပေါ်တွင်"Morning"ချည်ထိုးပြီးရေးထားတဲ့စာတန်းနီနီလေး...Taehyung စိတ်လှုပ်ရှားလျက်ထိုပန်းလေးကိုယူပြီးသာကျောက်ခုံလေးပေါ်ထိုင်နေမိသည်။
"ဒါဘယ်သူပေးတာလဲ။ငါ့အနီးနားမှာလည်းဟိုဘက်ခြံကဦးလေးကြီးပဲရှိတာလေ။ မဟုတ်မှ အဲ့ဦးလေးကြီး"Taehyung ဘေးအိမ်သို့ ခြေလှမ်းများဦးတည်လျက်ခြံတံခါးရှေ့မှ
"ဗျို့ ဦးလေးကြီး ဦးလေးကြီး"
အသံခပ်စွာစွာဖြင့်အော်ခေါ်လိုက်သည်။Suitအပြည့်ဖြင့်တောက်ပြောင် နေအောင်ဝတ်ဆင်ထားတဲ့ရာဘာခြံပိုင်ရှင်ဦးလေးကြီးကထွက်လာသည်။မနေ့ညကပုံစံနဲ့တခြားစီပဲဟု Taehyung စိတ်ထဲမှတ်ချက်ပေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ ကောင်လေး"
"ကျွန်တော့်ခြံဝမှာနေကြာပန်းလာပေးထားတာ ဒီကဦးလေးကြီးလား"
"ဟေ"
"အာ ကျွန်တော်ပြောတာကအိမ်နီးနားချင်းအသစ်မို့မိတ်ဆက်တဲ့သဘောနဲ့ပေးတာလားလို့ပါ"
"ရှုပ်ရှုပ်ယှက်ယှက်..ဒီလိုတွေမလုပ်တတ်ဘူး။မင်းပြောင်းလာတာတောင်ငါအခုမှသိတာ"
"Oh မပေးဘူးဆိုပြီးပြီပေါ့။ ကျွန်တော့်ကိုအရှုပ်ထုပ်ပုံစံတော့မပြောသင့်ပါဘူး" Taehyung နှုတ်ခမ်းထော်ပြီးပြောလိုက်သည်။
ထို့နောက်
"ခင်ဗျားက လူကြီးလူကောင်းပုံစံနဲ့မတူပေမဲ့ ကျွန်တော်ကတော့ မိကောင်းဖခင်သားသမီးမို့ ရှိစေတော့ ခွင့်လွှတ်လိုက်ပါ့မယ် "ခြေထောက်ဆောင့်ကာထွက်လာခဲ့တော့သည်။
![](https://img.wattpad.com/cover/309090442-288-k900090.jpg)