7 🤫

1K 113 5
                                    

Luca တစ်ယောက် ခြံတံခါးကို ကပြာကယာ
ဖွင့်ပေးပြီး သူဌေးလေးကို အိမ်ထဲဝင်စေသည်။ ထို့နောက်ခြံတံခါးကိုသော့ခတ်ပြီး အိမ်ကြီးရဲ့တံခါးမကို မင်းတုန်းချလိုက်သည်။
Jungkook အိမ်ရဲ့အပေါ်ထပ်အိပ်ခန်းဆီသို့ Taehyungကိုသယ်လာပြီး ကုတင်ပေါ်သို့ညင်သာစွာချလိုက်သည်။ ဖိနပ်ချွတ်ပေးဖို့
ပြင်တော့ ဖိနပ်ကိုဘယ်နဲ့ညာမှားစီးထားသောခြေဖဝါးဖြူဖြူဥဥလေး‌ တွေကိုအလိုမကျဟန်ကြည့်မိသည်။
"အဲ့လောက်ထိတောင်ချစ်ရသလား..."  Taehyung ရဲ့ခေါင်းလုံးလုံးလေးကိုမကာခေါင်းအုံးပေါ်တင်ပေးပြီး နဖူးပြင်လေးပေါ်
ဝဲကျနေတဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို
သပ်တင်ပေးလိုက်သည်။
သို့သော် ငြားလည်းပြေစင်းနေ သောဆံနွယ်လေးတွေက တဖန်နဖူးထက်လှပစွာနေရာယူပြန်သည်။ ထို shampoo နံ့ခပ်သင်းသင်း လေးမွှေးနေသော ပိတုန်းရောင်ဆံကေသာတို့ကို
မွှေးကြူလိုက်တော့ တအင်းအင်းဖြင့်
ကိုယ်ငယ်လေးက လှုပ်ခတ်လို့လာသည်။

"သူဌေးလေး ဆေးသောက်ချိန်ကျပါပြီ"
ကျောနောက်မှ Luca ရဲ့အသံကြားမှ
နဂိုမူလမျက်နှာအနေအထားအတိုင်းတည်တင်းလို့သွားသည်။
"ပေး"
အနီရောင်ဆေးတောင့်ရှည်ရှည်လေးတတောင့်နှင့် ရွှေဝါရောင်ဆေးတောင့်လေးတို့ကိုခံတွင်းထဲတပြိုင်နက်တည်းထည့်လိုက်ပြီး
ရေကိုမော့သောက်လိုက်သည်။
"သူဌေးလေး ဒီအပတ်ထဲဆေးထပ်စစ်ဖို့
Kim အိမ်တော်ဆီသွားရဦးမယ်နော် "
Lucaကသတိပေးသလို
ပြတ်တောင်းတောင်းအသံဖြင့်ဆိုလေတော့ Jungkook ရဲ့ မျက်ခုံးတန်း ပြေပြေလေးတို့
တွန့်ချိုးသွားပြီး
"Luca ဒီအခန်းထဲမှာ စကားသိပ်မများစမ်းနဲ့...Honeyနိုးလာရင်စားဖို့ မင်းတို့စားတတ်တာ တခုခုပြင်ပေး ပြီးတော့ နို့ပူတခွက်ယူလာခဲ့ Honeyကောင်းကောင်းအနားယူဖို့လိုတယ်"
ထိုစကားတို့ကို Taehyung ရှိရာဘက်
ဘေးတစောင်းလှည့်ပြောနေပြီး အပြုံးမမည်အပြုံးခပ်ရေးရေးလေးပြုံးလို့နေသည်။

"ငါ့အတွက်လည်း ရေခဲသေတ္တာထဲ ဖြည့်ထားလိုက်၊ ခုနက ငါ ဗိုက်ဆာလာတာ...
နေရခက်တယ်"
ဗိုက်လေးကိုပွတ်ပြီး ပြတင်းပေါက်သို့တချက်ငေးကာပြောနေတဲ့သူဌေးလေးကို
ဒီလိုကျတော့လည်း သနားစိတ်ဝင်မိပြန်သည်။
"ဟုတ်ကဲ့ပါ သူဌေးလေး"
Lucaက ကြမ်းပြင်နဲ့ ခြေဖဝါးထိရုံမျှသာ
ခြေဖွဖွလေးလျှောက်ရင်း အခန်းတံခါးကိုသေချာပိတ်ပြီးထွက်သွားသည်။
Jungkook ကုတင်မှထကာ ပြတင်းပေါက်လိုက်ကာစတို့ကိုပိတ်လိုက်သည်။
အခန်းထဲကုတင်ဘေးစားပွဲပေါ်မှ ဝါကျင့်ကျင့်မီးအိမ်လေးသာလင်းလို့နေသည်။
Taehyung ရဲ့နှုတ်ဖျားမှ
ဟင်းဆိုသည့် သက်ပြင်းသံနှင့်အတူ မျက်ဝန်းရှည်လေးများ
ဖြေးဖြေးချင်းပွင့်လာသည်။

Top SecretWhere stories live. Discover now