9 🤫

703 73 14
                                    

"Honey...
ရရဲ့လား"
ဆေးသေတ္တာပုံးနဲ့အတူ ရောက်လာတဲ့ Jeonက အလျင်လိုနေ‌သည်။
ကျွန်တော့်လက်ကို ဆွဲယူပြီး ဆေးထိုးအပ်တစ်ခုဖြင့် သွေးကြောထဲ ထိုးသွင်းသည်။ ထို့နောက် ဂွမ်းဖြင့် ဖိပေးပြီး ပလာစတာကပ်ပေးတယ်။

" အမြင်တွေဝေဝါးနေလား မူးနေလား ကိုယ့်ကို မြင်ရလား "

"အင်း ဘာမှမဖြစ်ပါဘူး"

...ကျွီ......................
နားထဲမှာ အသံစူးစူး ကြီးတစ်သံ ကြားရသည်။

"အသံ တစ်သံ ပဲ"
Jeonက သူ့ရင်ခွင်ထဲ ကျွန်တော့်ကိုဆွဲသွင်းပြီးမှီစေတယ် ။ ထို့နောက် နားတို့ကို လက်ဖြင့်
ဖိအုပ်ပေးထားတယ်။

"ဘာမှ မဖြစ်ဘူးနော် Honey ... ခဏနေသက်သာသွားမှာ "

"ဆေးအမြန်မှီလို့တော်သေးတာပေါ့ သူဌေးလေး"

"Luca ... Taehyungအတွက် ပျားရည်တစ်ခွက် ဖျော်လာခဲ့"

"ဟုတ်ကဲ့ သူဌေးလေး"

"Jeon အဲ့ဒါဘာအပင်မို့လဲဟင် ...
လက်ကတဆစ်ဆစ်ကိုက်နေတယ် "

"အသားစားအပင် ..."

"ဟမ်"

"ကိုယ့်အမေ မဆုံးခင်က သုတေသနလုပ်ခဲ့တဲ့ အပင်တွေလေ။ လူသား တွေအတွက် သိပ်အန္တရာယ်များတယ်...Honeyကို သတိပေးချိန်မရလိုက်ဘူးဖြစ်သွားတာ"

"အန္တရာယ် ရှိတယ်...ဟုတ်လား...
အသံ ရှည်ကြီးမကြားရတော့ဘူး ရပြီJeon "
ထိုအခါမှ Jeon ရဲ့ လက်တွေက ပြေလျော့သွားပြီး
"ကိုယ့်မှာ စိုးရိမ်လိုက်ရတာ Honeyရယ် Honeyသာ တစ်ခုခုဖြစ်သွားရင် ကိုယ်အဲ့အပင်တွေကို ခုတ်သတ်ပစ်မယ် "

"အန္တရာယ်ဒီလောက်များတဲ့ အပင်တွေကို Jeonက ဘာလို့စိုက်ထားတာလဲ ?"

"ကိုယ့်အမေရဲ့နောက်ဆုံးအငွေ့အသက်တွေမို့ပါ...ပြီးတော့လည်း "

"ဘာဖြစ်လဲ Jeon "

"သူဌေးလေး ပျားရည်ရပါပြီ..."

"Honeyသောက်လိုက်နော်..."

ဦးလေး lucaက ထိုအပင်အိုးတွေရဲ့ ခပ်လှမ်းလှမ်းကနေပြီး ပိုးကောင်တွေ ကို ထည့်ပေးသည်။ ထိုပိုးကောင်တို့မှာ အသက်ရှိ‌ သေးလို့လှုပ်နေပြီး ထိုအပင်ရဲ့ ဆွဲငင် ငုံထွေးခြင်းခံလိုက်ရသည်။
စုပ်ခွက်ပုံစံ အပေါက် အပေါက် ပုံစံတို့သည် ရှည်ထွက်လာပြီး ပိုးကောင်ကို ဖမ်းယူလိုက်၏။ ပိုးကောင်ဟာ ထိုအပင်အတွင်းရောက်သွားပြီး ပျောက်ကွယ်သွားတယ်။

Top SecretWhere stories live. Discover now