"Honey"
"ဟင့်အင်း မဟုတ်ဘူး "
"မခေါ်နဲ့ "
Taehyung မျက်နှာ သွေးပြတ်မတတ် ဖြူရော်နေပြီးနေကြာပန်းခင်းကြီး တလျှောက် ပြေးရတာ အတော်လေးမောဟိုက်နေပြီဖြစ်သည်။
Jungkook သည်Taehyungရဲ့ နောက်မှ လျင်မြန်သောခြေလှမ်းများဖြင့် ပြေးလိုက်လာသည်။Taehyung တကိုယ်လုံးချွေးများစိုရွှဲနေပြီး နောက်သို့လှည့်ကြည့်ရင်း လှည့်ကြည့်ရင်းဖြင့် နဖူးမှချွေးစများကိုသုတ်ရင်း ရှေ့တည့်တည့်မှ အနီရောင် နေလုံးကြီး ရှိရာအရပ်သို့ပြေးနေရသည်။
တဖြည်းဖြည်း နေလုံးကြီးက တိမ်စိုင်တွေကြား ဖုံးကွယ်သွားပြီးနောက်
"မင်းကိုငါလိုချင်တယ်"
Taehyung ရဲ့ရှေ့မှောက် ရုတ်တရက်ရောက်လာတဲ့ အကြည့်စူးစူးတွေနဲ့ထိုလူက အတော်ပင်ကြောက်မက်ဖွယ်ကောင်းသည်။
နဖူး၌လည်း သွေးကြောများထောင်နေပြီး နှုတ်ခမ်းပါးတို့မှာလည်း ညိုမဲနေသည်။ မျက်လုံးအိမ်တို့သည်လည်း နီရဲနေပြီး ဖြူဖွေးစွတ်နေသောအသားရေနဲ့Jeon Jungkookသည်
ကျွန်တော့် ရှေ့ကပိတ်ရပ်ပြီးတားဆီးသည်။"Jeon Jungkook"ထိုလူ့နာမည်ကို နှုတ်ခမ်းမှ ရေရွတ်ရင်း ရုတ်တရက်လန့်နိုးလာသည်။
ရေသောက်ဖို့ကုတင် ပေါ်မှထလာပြီးနောက်
ဝန်ရံတာမှာ လေညှင်းခံရန်ထွက်လာခဲ့သည်။.........................................🌻
"ဟော...ည၃နာရီတောင်ထိုးနေပြီ သူမအိပ်သေးဘူးလား၊ သူက အဲ့အိမ်မှာနေတာလား
ဒါဆို ငါမြင်မြင်နေရတာသူလား "ထိုလူက ဒန်းပေါ်ကနေ ကျွန်တော့်ကို လက်ထောင်ပြသည်။
သူ့လက်ထဲမှာလည်း Guitar တစ်လက်နဲ့ ...ဒီအချိန်ကြီး Guitar တီးမို့လားဒီလူရူးနေတာလား"ကိုယ့်ကို ချစ်နေဖို့ဆိုတာလည်း သိပ်တော့မခက်ခဲပါဘူး "
"အခုပုံစံလေးနဲ့ ဒီတိုင်းလေးပဲ ကိုယ့်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပေးပါ"
"ကိုယ်တို့တွေ နောက်ပိုင်းကျ ဘယ်အရာတွေ ဖြစ်လာမလဲမသိပေမယ့်
ဆုံးဖြတ်ချက်တွေ မချရသေးတဲ့ ဒီအခြေအနေလေးကိုပဲ ကိုယ်တော့သဘောကျမိတယ်".... .... .....🎶