10 🤫

1.3K 98 16
                                    

Lucaက တံခါးကို ပိတ်ဖို့အလုပ်
Taehyung က လမ်းမ ဘက် ပြေးပြီး Hoseok ထွက်သွားရာနောက် ပြေးလိုက် တယ်

Jungkook မှာလည်း အိမ်ထဲက ပြေးထွက်လာပြီး Taehyung နောက် ခြေလှမ်းကျဲများဖြင့် လိုက်ခဲ့ရာ မျက်စိတစ်မှိတ်အတွင်း
Taehyung ရဲ့ ရှေ့‌ကဖျက်ခနဲ
ပိတ်ရပ်လိုက် နိုင်သည်။

မျက်စိရှေ့က Jeon Jungkook ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီး ချွေးစို့ခြင်း မောပန်းခြင်း လုံးဝမဖြစ်...

Taehyung ကသာ မောဟိုက်နေပြီး Jungkook ရှေ့က ထွက်သွားဖို့ ပြင်သည်။

Jungkook က Taehyung ကို လက်တစ်ဖက်တည်းဖြင့် မချီလိုက်ပြီး ဂုတ်ပေါ် မြှောက်တင်လိုက်သည်။

"မင်းဘာလုပ်တာလဲ ငါ့ကို အခုအောက်ချပေး"

"ကိုယ် ဘာမှ မလုပ်မိခင်
ပါးစပ်ပိတ်ထားစမ်း Honey"

Jungkook ရဲ့ ပုခုံးထက်၌ ဇောက်ထိုးချီခံရပြီး ထိုအိမ်ကြီးထဲ တဖန်ပါသွားခဲ့ပြန် သည်။

အမြဲလိုလို မှောင်မည်း နေသော အိမ်ကြီးရဲ့အိမ်အောက်ထပ် ဧည့်ခန်း ၌
Taehyung ကိုကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်

"အာ့..."

Jungkook က ပုံမှန် ပြုမူလိုက်တာ ‌ဖြစ်ပေမဲ့
Taehyung အဖို့ Jungkookရဲ့ အားတွေက များနေခြင်းသာ ...

"Jeon Jungkook ငါ ...ငါ့ချစ်သူ ဆီ ပြန်ချင်တယ် ပြန်ခွင့်ပြုပါ"

Taehyung မတ်တပ်ထရပ်လိုက်သည်။
ထို့ နောက် ခြေလှမ်းတို့ဟာလည်း တံခါးဝဆီဦးတည်လျက်...
ထိုအချိန်Lucaက ကျွန်းတံခါးကြီးကို ပိတ်ပြီး နဂါးခေါင်း မင်းတုန်းကို ချလိုက်သည်။

"ဒါဘာလုပ်တာလဲ... မင်းတို့ ငါ့ကို ဘာလို့သွားခွင့်မပေးတာလဲ "

"ကိုယ့်ကို မင်းနဲ့ ငါ မသုံးနဲ့ Honey ကိုယ်မကြိုက်ဘူး "

Taehyung မှာ ဒီအိမ်ကြီးထဲက အမြန်ပြေးထွက် ချင်စိတ်တာပဲသိတယ် ဒီက လူမှန်သမျှက အသိစိတ်ပုံမှန်မဟုတ်

"ကျွန်တော့်ကို လွှတ်ပေးပါ "
"တောင်းပန်ပါတယ် Jeon "

Taehyung က
ဒူးထောက်ပြီး တောင်းပန်သည်အထိပင်...
မျက်ရည်တွေ ချွေးတွေစိုရွှဲနေသည့် Taehyung ကို မြင်လေ တော့

Top SecretWhere stories live. Discover now