1

5.7K 253 14
                                    

နီယွန်မီးရောင်စုံများအောက်တွင် ပေါ်ထွက်နေသည့် ခပ်မြူူမြူးဂီတသံနှင့်အတူ လူငယ်အများအပြား အော်ဟစ်ကခုန်နေကြသည်။ သူငယ်ချင်းများနှင့် အုပ်စုလိုက် ပျော်ပါးနေကြသူများလည်းရှိသလို တစ်ယောက်တည်း drugသုံးကာ တိမ်တွေပေါ်လွင့်မြူးနေသူများလည်းရှိသည်။ တချို့မှာတော့ လျှောက်လမ်းပေါ်ရှိ အဖော်အချွတ်မယ်များအား ဟိုကိုင်ဒီကိုင်လုပ်နေကြသည်။ ဟုတ်သည် ဒီနေရာကတော့ မျိုးစုံသောလူတို့ရဲ့ ကောင်ကင်ဘုံလည်းဖြစ်တယ်။

ဆူညံနေသောပတ်ဝန်းကျင်နှင့်မလိုက်ဖက်စွာနဲ့ပဲ တိတ်ဆိတ်နေတဲ့အခန်းငယ်များလည်း ရှိပါသေးတယ်။ လူတချို့အတွက် ပျော်ရွှင်ဖွယ်ရာအခန်းတွေလည်းဖြစ်သလို လူတချို့အတွက်တော့ နာကျင်ဖွယ်ရာအခန်းတွေ...

"ကြွပါရှင် ကြွပါ။ ရှောင်းသခင်ကြီးလာမယ်ဆိုလို့ ကွင်း(Queen)တို့ သေချာပြင်ဆင်ထားပါတယ်ရှင်။ ထိုင်ပါဦး ရှောင်းသခင်ကြီး"

"အသန့်လေးတွေထဲကပဲရွေးချင်တာနော် လေဒီကွင်း"

အကျအနထိုင်နေသော ရှောင်းသခင်ကြီး၏အနောက်တွင်ရပ်နေသည့် ခန့်မှန်းချေ အသက်၂၅နှစ်လောက်ရှိမည့်လူတစ်ယောက်က ပြောလိုက်သည်။

"ဒါပေါ့ ဒါပေါ့ ရှောင်းသခင်ကြီးအတွက် toysတွေတောင်မသုံးဖူးတဲ့ လုံးဝ virginလေးတွေချည်း ရွေးပေးထားတာပါရှင်။ ခေါ်လိုက်ရတော့မလား ရှောင်းသခင်ကြီး"

ကွင်းရဲ့စကားကို ရှောင်းသခင်ကြီးက လက်ကာပြကာ တားလိုက်သည်။

"ကိုယ်တိုင်သွားကြည့်ဖို့ ကွင်းဘက်ကခွင့်ပြုမယ်ဆို ကိုယ့်အတွက် ပိုပြီးသက်တောင့်သက်သာရှိမယ်ထင်တယ်"

"အို~ ရှောင်းသခင်ကြီး ဘာပဲတောင်းဆို တောင်းဆို ကွင်းဘက်က အဆင်သင့်ပါပဲရှင်။ ကြွပါရှင့် ကြွပါ ကွင်းကိုယ်တိုင် လိုက်ပြရမှာပေါ့"

ထိုသို့နှင့် ကွင်းခေါ်ရာသို့ ရှောင်းသခင်ကြီးလိုက်လာခဲ့သည်။ လျှောက်လမ်းတစ်လျှောက်တွင်ထွန်းထားသော ဝါကျင်ကျင်မီးရောင်တွေဟာ လင်းမယ်ထင်ရပေမယ့် မှောင်သယောင်ယောင်ဖြစ်နေပါသေးသည်။ အတွင်းဘက်သို့ရောက်လေလေ ဂီတသံတွေဟာ တဖြည်းဖြည်းတိုးလို့သွားကာ ဖိနပ်သံများက အစားထိုးလို့ကျယ်လောင်လာသည်။ လေဒီကွင်း၏ နီရဲရဲဒေါက်ဖိိနပ်ဟာ အစွန်ဆုံးအခန်းရှေ့တွင် ရပ်တန့်လို့သွားသည်။

I am your boss Where stories live. Discover now