"Hi!"
"အားလုံးက ကျုပ်ကိုတော့ဖြင့်ချန်ထားပြီး ဘာတွေများ အကြိတ်အနယ်ဆွေးနွေးနေကြတာတုန်း"
ရှောင်းကျန့်က အခန်းအတွင်းသို့ ခြေလှမ်းမှန်မှန်နှင့်လျှောက်လာသော်လည်း ခြေထောက်တစ်ဖက်ချလိုက်လျှင်ပင် ဖိနပ်သံတဒေါက်ဒေါက်ဟာ ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။ ထိုသို့လျှောက်လာရင်းပင် လက်ကိုဝှေ့ယမ်းလိုက်တော့ စားပွဲ၏ထိပ်ဆုံးတွင်ရှိသောမှော်ဆရာမှာ လွင့်ထွက်သွားပြီး အခန်းနံရံနှင့်တိုက်ကာ သတိမေ့မြောသွားတော့သည်။ ထို့နောက် ရှောင်းကျန့်က ထိုထိုင်ခုံ၌ ခြေချိတ်ထိုင်လိုက်သည်။ သခင်ကြီးရှောင်းကျန့်၏ အရှိန်အဝါတို့ဖြင့် ထိုင်ခုံပင်လျှင် တောက်ပလာသလိုခံစားမိစေပါသည်။
အခန်းတွင်းရှိမှော်ဆရာများမှာ ဘာမှမပြောနိုင်လောက်အောင်ပင် အာစေးမိနေကြသည်။ သို့မဟုတ် ပြောခွင့်မရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သေး၏။ တိတ်ဆိတ်နေသောအခန်းအတွင်း ရှောင်းကျန့်၏ တဟားဟားရယ်သံနှင့်အတူ လက်ခုပ်သံကပါ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။
"ဟားဟားဟား ခင်များတို့အခုဖြစ်နေတဲ့ရုပ်ကို ခင်များတို့ပြန်မြင်ရရင် ကျုပ်လို့ပဲရယ်နေကြမှာဗျ ဟားဟားဟား"
"နေဦး မမြင်ရလည်း ရယ်လို့ရပါတယ် ဟုတ်တယ်မှတ်လား"
ရှောင်းကျန့်ကပြောရင်း သူ၏အနီးဆုံးခုံတွင်ရှိသော ခြေချိတ်ထိုင်နေတဲ့သူအားကြည့်လိုက်တော့ ထိုသူကလည်း မျက်ခုံးပင့်ပြသည်။ ထိုသူနှင့် အကြည့်ချင်းဆုံနေရင်းပင် ရှောင်းကျန့်က ထပ်မံ၍ လက်ကိုဝှေ့ယမ်းလိုက်တော့ ရှောင်းကျန့်တို့သုံးယောက်မှအပ ကျန်တဲ့မှော်ဆရာများမှာ သွားဖုံးပင်ပေါ်အောင် ရယ်ပြုံးနေတော့သည်။ (A/N အသံမထွက်ပါဘူး သွားကြီးစိပြီးပဲ ရယ်နေတာပါ လှုပ်တောင်မလှုပ်ပါဘူး မျက်လုံးသေတွေနဲ့ပါ...အရေးအသားညံ့တော့ ပုံပေါ်အောင်မရေးနိုင်တာ အားနာရပါတယ် TvT)
"ဟားဟားဟား ကြည့်စမ်းပါဦး ရယ်ကြပါ ရယ်ကြ...သေသွားရင်တော့ ရယ်ချင်လို့တောင်မရတော့ဘူးမဟုတ်လား"
YOU ARE READING
I am your boss
FanficMaybe 21+ so read at your own risk! better read the first page (author's note) before you read this story. Enjoy! Cover photo from Pinterest.