"ချင်းယန်"
"ဪ ချန်း"
"ဘာလုပ်နေတာလဲ"
"သခင်လေးဖန်းက စွပ်ပြုတ်တစ်ခွက် လာပို့ခိုင်းထားလို့ ပြင်ဆင်နေတာပါ"
ချင်းယန် သခင်လေးဖန်းမှာထားတာပြင်ဆင်နေတုန်း အနောက်ဆီမှ ချန်း၏မေးခွန်းက်ု ဖြေလိုက်သည်။
ပုံမှန်ဆို ချန်းသည် မီးဖိုဆောင်သို့အဝင်အထွက်မလုပ်တတ်ပါ။ သခင်လေးဖန်းအား ကပ်ရန်ချောင်းနေကြောင်း သတိပြုမိတော့ ချင်းယန်ပြုံးတုံ့တုံ့ဖြစ်သွားရသည်။"ဘာ...ဘာပြုံးတာလဲ ချင်းယန်က"
"ဪ ဘာမှမဟုတ်ရပါဘူးရှင်...ရော့ ဒါလေးကို သခင်ကြီးအခန်းထဲ ချန်းပဲ ယူသွားပေပါဦး။ သခင်လေးဖန်းလည်း အဲ့မှာရှိပါတယ်"
"သခင်ကြီးဘာဖြစ်လို့လဲ ချင်းယန်"
သခင်ကြီးခိုင်းထားတဲ့အလုပ်တွေကြောင့် အခုတလော ချန်းမအားပါ။ အပြင်မှာပဲရှိနေရသောကြောင့် အိမ်ထဲမှာ ဘာတွေဖြစ်နေမှန်း ချန်းမသိခဲ့ပါ။ သခင်လေးဖန်း သခင်ကြီးအခန်းထဲ စွပ်ပြုတ်ယူလာခိုင်းရခြင်းသည် သခင်ကြီးတစ်ခုခုဖြစ်နေခြင်းပင်ဖြစ်မည်။
"သခင်ကြီး စိတ်လွတ်ပြီးသောင်းကျန်းထားတယ်ထင်ပါရဲ့။ သခင်လေးဖန်းရှိနေလို့ တော်ပါသေးတယ်"
"ပေး...ပေး ကျုပ် အခြေအနေသွားကြည့်ဦးမယ်"
စွပ်ပြုတ်ဗန်းအားကိုင်ကာ ခပ်သွက်သွက်သွားသောချန်းကိုကြည့်ပြီး ချင်းယန် ခေါင်းအသာခါမိသည်။
သူနှင့်ချန်း၏ဘဝဟာ သခင်ကြီးရဲ့ပိတ်လှောင်ခြင်းခံရပေမယ့် နေပျော်ပါတယ်။ သခင်ကြီးက တစ်ဖက်တစ်လမ်းကနေ ချင်းယန်တို့ကို ကယ်တင်ထားခြင်းလည်းဖြစ်သည်။
သခင်ကြီးအား ချင်းယန်တို့ ရိုသေလေးစားရပါသည်။အဲ့သည်နေ့က မိုးအသည်းအထန်ရွာနေခဲ့တာပေါ့။
လူသားတွေနေထိုင်ရာမြို့မှာ မှော်ဆရာတွေ၏ နယ်ချဲ့သိမ်းပိုက်ခြင်းခံရတော့ ရှုံးနိမ့်၍ထွက်ပြေးရသူတွေမှာ ချင်းယန်တို့လို သာမန်လူသားတွေသာဖြစ်သည်။
ဟုတ်သည် ချင်းယန်နှင့် ချန်းဟာ သွေးမရောသည့်လူသားစစ်စစ်များသာဖြစ်သည်။

YOU ARE READING
I am your boss
FanfictionMaybe 21+ so read at your own risk! better read the first page (author's note) before you read this story. Enjoy! Cover photo from Pinterest.