"ဘရားသား ဘယ်လိုလုပ်မှာလဲ...Lady Queenဆီကဆိုရင်တော့ မခက်ပါဘူး ဝယ်လိုက်တာနဲ့ အေးဆေးပဲ"
ရှောင်းကျန့် တွေဝေသွားသည်။
သို့ပေမယ့် တွေဝေမနေသင့်ပါ။
ဒီအရာအားလုံးဟာ ဘေဘီ့အတွက်ပဲမို့ လုပ်သင့်တာကိုလုပ်ရမည်။ တစ်နေ့တော့ ဘေဘီလည်း နားလည်နိုင်ပါလိမ့်မည်။"ကူညီပါဦး ဖန်း"
ဖန်းက ခေါင်းငြိမ့်ကြကာ ထွက်သွားသည်။
သူကိုယ်တိုင်တော့ မသွားချင်ပါ။ Leoဆိုသည့်ကလေးက သူ့အတွက် အရေးပါသည့်သူမှမဟုတ်ပေပဲ။ရှောင်းကျန့် ရိပေါ်ရှိရာအခန်းထဲသို့ဝင်လာတော့ ရိပေါ်က အိပ်ပျော်နေဆဲပင်။
အင်းလေ ပင်ပန်းရှာမှာပေါ့...။မျက်နှာလေးကိုကိုင်ကာကြည့်တော့ သူ့ရဲ့ဒါဏ်ကြောင့် မို့အစ်အစ်ကလေးရယ်။
"ကိုယ် မမှားပါဘူးနော် ရိပေါ်
အရင်ဘဝမှာရော အခုဘဝမှာရော ကိုယ်က မင်းဆီကနေ မင်းချစ်တဲ့သူတွေကို ဆွဲထုတ်နေမိတော့တာပဲ...
အရင်ဘဝကလိုတော့ ပစ်ပစ်ခါခါတော့မလုပ်ဘူးမဟုတ်လား ဘေဘီရယ်"ရှောင်းကျန့် ပါးအိအိလေးကို ဖိကပ်နမ်းပြီး ထွက်လာခဲ့လိုက်သည်။
ထို့နောက် ချန်းအား ယခင်ခေါ်ခဲ့သည့်မှော်ဆရာများအား ပင့်ခေါ်စေသည်။
လီယိုရောက်လာလျှင် သူတို့လုပ်ငန်းစလို့ရချေပြီ။မှော်ဆရာများရောက်လာသောအခါ အစီအရင်အခန်းထဲသို့ ချန်းကဦးဆောင်၍ခေါ်သွားကာ ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်၍ စောင့်စေသည်။
ရှောင်းကျန့်ကတော့ အိပ်ပျော်နေသေးသောဝမ်ရိပေါ်အား မေ့မျောစေလိုက်ကာ အစီအရင်အခန်းအတွင်းသို့ခေါ်လာလိုက်သည်။
အစီအရင်အခန်းဆိုသည်မှာ ရှောင်းကျန့်တို့Duragi Elတွင် အိမ်တိုင်း၌ မရှိမဖြစ်သောအခန်းတစ်ခန်းပင်။
မှော်ဆရာများနေထိုင်သည့်အလျောက် အစီအရင်အခန်းတစ်ခန်းကတော့ ရှိတတ်ကြသည်။ ချမ်းသာကြွယ်ဝမှုအလိုက် အကျဉ်းအကျယ်သာ ကွာကြပေလိမ့်မည်။
အင်း...ရှောင်းကျန့်က မှော်ဆရာတော့မဟုတ်ပေမယ့် အစီအရင်အခန်းကတော့ စံအိမ်တွင်ရှိပါသေးသည်။
YOU ARE READING
I am your boss
FanfictionMaybe 21+ so read at your own risk! better read the first page (author's note) before you read this story. Enjoy! Cover photo from Pinterest.